တရုတ်ကာကွယ်ရေးဝန်ကြီးနှင့် စင်္ကာပူဝန်ကြီးချုပ်တွေ့ဆုံ၊.နှစ်နိုင်ငံကြား နွေးထွေးသည့်ဆက်ဆံရေးထပ်လောင်းအတည်ပြုခဲ့

0
253

စင်္ကာပူ၊မေ ၃၁

စင်္ကာပူဝန်ကြီးချုပ်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီးတို့သည် မေလ (၃၁)ရက်နေ့ကတွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ကာလရှည်ကြာ နွေးထွေးသည့် နှစ်နိုင်ငံဆက်ဆံရေးကို ထပ်မံအတည်ပြုခဲ့သည်။

ယင်းနောက် ၎င်းတို့သည် နှစ်နိုင်ငံကြား၌ အဆင့်မြင့်ခရီးစဉ်များ၊စစ်ဘက်ဆိုင်ရာအပြန်အလှန် ဆက်ဆံမှုများနှင့် ပညာရေးဆိုင်ရာဖလှယ်မှုများ အပါအဝင် ကာကွယ်ရေး အဖွဲ့အစည်းများအကြား ပုံမှန်ဖြစ်‌စေမည့်ဆက်ဆံမှုများကို ကြိုဆိုလက်ခံခဲ့ကြကြောင်း စင်္ကာပူကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းလုံခြုံရေး ဖွံ့ဖြိုးတိုးတက်မှုများအပေါ်တွင်လည်း အမြင်ချင်းဖလှယ်ခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်နှင့် ဒေသတွင်းအပြန်အလှန်ယုံကြည်မှုတည်ဆောက်ရန် နည်းလမ်းများကိုပါ ဆွေးနွေးခဲ့ကြကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

နှစ်ပတ်လည်လုံခြုံရေးဖိုရမ်သည် ကမ္ဘာတစ်ဝန်းမှ ကာကွယ်ရေးဦးစီးချုပ်များကို စုစည်းကာပြုလုပ်သည့်ဖိုရမ်တစ်ခုဖြစ်ပြီး ယင်းဖိုရမ်ကြောင့်ပင် မကြာသေးမီနှစ်များအတွင်း အမေရိက နှင့်တရုတ်ကြားဆက်ဆံရေးသည် အတိုင်းအတာတစ်ခုအထိရောက်ရှိလာခဲ့ခြင်းလည်းဖြစ်သည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here