ခေါင်းဆောင်မှုအင်္ဂါရပ် (၁၆) ချက်နှင့်အညီ လိုက်နာဆောင် ရွက်ရန်လိုကြောင်း နစက ဥက္ကဋ္ဌ ပြောကြား

0
377

ခေါင်းဆောင်မှု အင်္ဂါရပ် (၁၆) ချက်နှင့်အညီ မိမိကိုယ်ကိုချိန်ထိုး၍ လိုက်နာဆောင်ရွက်ကြပြီး စည်းကမ်းစနစ်တကျရှိကြရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောသည်။

ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်မှ နည်းပြအရာရှိကြီးများ၊ ကထိက အရာရှိကြီးများ၊ ဆရာကြီး၊ ဆရာမကြီးများ၊ သန္ဓေအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဗိုလ် လောင်းများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ထိုကဲ့သို့ ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

ထိုသို့တွေ့ဆုံ အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ နိုင်ငံရေးအရ ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ အကြပ်အတည်းပေါင်းစုံကြားမှ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့အတွက် မူဝါဒများ၊ ဦးတည်ချက်များချမှတ်၍ ကြိုး
ပမ်းဆောင်ရွက်နေမှု အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်တက္ကသိုလ် နည်းပြများအနေဖြင့် မိမိတို့တတ်မြောက်သင်ကြားထားသည့်၊ စာပေပညာ၊ စစ်ပညာများကို ဖြတ်သန်းခဲ့ရသည့်အတွေ့အကြုံများနှင့် ပေါင်းစပ်ချိန်ထိုး၍ စနစ်တကျသင်ကြားလေ့ကျင့်ပေးပြီး စိတ်ဓာတ်ခိုင်မာကောင်းမွန်သည့် နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် ပြည်သူကအားကိုးရသည့် အနာဂတ်ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်ရမည်ဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌက တိုက်တွန်းသည်။

အလားတူပင် သင်တန်းသားတစ်ဦးချင်းစီ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ ကျန်းမာကြံ့ခိုင်မှုရှိအောင် လေ့ကျင့်ပေးရမည်ဖြစ်ကာ အနာဂတ်တွင်အသိပညာကြွယ်ဝသည့် လူ့အသိုက်အဝန်းကို ပုံဖော်တည်ဆောက်နိုင်ရေး အတွက်အရေးကြီးကြောင်း၄င်းက ဆိုသည်။

သင်တန်း သားများအနေဖြင့် မိမိတို့ဘဝတိုးတက်ရေး နိုင် ငံတော်နှင့်တပ်မတော်၏ မျှော်မှန်းချက်များ မပျောက်ပျက်စေရေးတို့အတွက် စည်းကမ်းစနစ်တကျဖြင့် မိမိကိုယ်ကို စောင့်ထိန်း၍ ပညာကို ကြိုးပမ်းသင်ကြားကြရန် မှာကြားခဲ့ပြီး နည်းပြအရာရှိများ၊ သင်တန်းသား၊ သင်တ န်းသူများနှင့် ဗိုလ်လောင်းများ၏ လိုအပ်ချက်များကို မေးမြန်းဖြည့်ဆ ည်းပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here