ငွေစျေးအပြောင်းအလဲများကြောင့် ကျောင်းသုံးပစ္စည်းများပါ ဈေးမြင့်တက်

0
309

လတ်တလောဖြစ်ပေါ်နေသည့် ငွေစျေးအပြောင်းအလဲများကြောင့် ကျောင်းဖွင့်ရာသီတွင် ကျောင်းသုံးပစ္စည်းများ ဈေးမြင့်တက်နေကြောင်း ကျောင်းသားမိဘများထံမှ စုံစမ်းသိရသည်။

“ဗလာစာအုပ် အချောဆို ငါးထောင်က အနည်းဆုံး၊ လွယ်အိတ်၊ ဖိနပ်၊ ပုဆိုး ၊ ထီး အကုန်ဈေးတက်တယ်၊ မလွယ်ဘူး။” ဟု စျေးနှုန်းမြင့်တက်မှုကြောင့် အခက်အခဲဖြစ်နေမှုကို ကျောင်းသားမိဘတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြော သည်။ 

လက်ရှိတွင် ကျောင်းသုံးဗလာစာအုပ်များသည် တစ်ဒါဇင်ဈေးမှာ သုံးထောင်ငါးရာ ကျပ်မှ ရှစ်ထောင်ကျပ် ဝန်းကျင်းထိ ဈေးရှိနေကြောင်း သိရသည်။ 

ထိုကဲ့သို့  ကျောင်းသုံးပစ္စည်းများ ဈေးနှုန်း မြင့်တက်လာသောကြောင့် ကျောင်းသားမိဘများ အခက်အခဲနှင့် ရင်ဆိုင်နေရသည်။

ယခု၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွက် မေ (၂၃) ရက်မှ (၃၀) ရက်အထိ ရှစ်ရက်အတွင်း ကျောင်းအပ်နှံသူ (၅၉) သိန်းကျော်ရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here