ကျင်သီယာယီတံတား ပြန်လည်ပြုပြင်နေရသဖြင့် ယာဉ်စီးရေ ရာနှင့်ချီစောင့်ဆိုင်းနေရ

0
257

ချောင်းရေစီးကြောင့် ပြန်တိမ်းညွှတ်သွားသည့် ကျင်သီယာယီတံတားအား ယနေ့ ဇွန်(၁)ရက် နံနက်ပိုင်းအချိန်မှ စတင်၍ ပြန်လည် ပြင်ဆင်နေပြီဖြစ်ရာ အချိန်ကြာ မြင့်နိုင်မည်ဖြစ်သဖြင့် ဒေသတွင်းခရီး သွားယာဉ် ရာနှင့်ချီစောင့်ဆိုင်းနေရကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

” ညွှတ်ကျသွားတဲ့ ဘက်ရော ထပ်ညွှတ်နိုင်နဲ့ နေရာအချို့မှာရော တံတားအောက်ကနေ ဂွေတွေခုနေပါတယ်။ တံတားအောက်အမာခံတစ်ခု ခံလိုက်ပြီး ပြန်မြှင့်နေတာပါ။ ပြီးတာနဲ့ ကားတွေ ဖြတ်ခွင့်ပေးမယ်လို့ကြားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် အဆိုပါ တံတားအနီးတွင်လည်း နောက်ထပ် အရံတံတားငယ်တစ်ခု ထိုးရန်ပြင်စဉ်နေပြီး လက်ရှိတွင်ညွှတ်ကျခဲ့သည့် တံတားအား ကနဦး ပြန်လည်ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

“အရံတံတားတစ်စင်း ထိုးမယ်လို့တော့ကြားတယ်။ မိုးရာသီကာလအတွက်ကြိုတင်ပြင်ဆင်တဲ့သဘောလို့ သိရတယ်။ နှစ်စင်းရှိတော့လည်း ပိုကောင်းတာပေါ့။ ဒါမှမဟုတ်တစ်စင်းဖြတ်မရရင် တစ်စင်းကဖြတ်လို့ရနိုင်မယ့် အခြေအနေအတွက်လို့မြင်တယ်”ဟု ၎င်းကပင် ဖြည့်စွက်ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ- သီပေါ အကြားရှိ အ ဆိုပါ ကျင်သီယာယီတံတားမှာ မေလ(၂၈)ရက် နံနက်ပိုင်းအချိန်တွင် ရေစီးအားကြောင့် တံတားတစ်ဖက်ခြမ်းသို့တိမ်း ညွှတ်ခဲ့ပြီးနောက် ဝန်မပါသော ကားငယ်များကိုသာ ဖြတ် သန်းခွင့်ပြုရာမှ ယနေ့တွင် ပြန် လည်ပြင်ဆင်ခြင်းကို စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here