MNL U-20 Youth League 2024 ပြိုင်ပွဲ ယနေ့ စတင် ကျင်းပမည်

0
110

MNL U-20 Youth League 2024 ပြိုင်ပွဲပထမ အကျော့ပွဲစဉ်များအား ယနေ့ ဇွန်(၁)ရက်တွင်  စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ပွဲစဉ်ဇယားအရ စလင်းကွင်းအတွင်း ရှမ်းယူနိုက်တ က်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်း၊ တောင်ဒဂုံကွ င်းအတွင်း ISPE အသင်းနှင့် ဒဂုံပေါ့စ်အသင်း၊ ပဒုမ္မာကွင်းအတွင်း မြဝတီအသင်းနှင့် ရတနာပုံအသင်းတို့ အသီးသီး ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။

ပြိုင်ပွဲအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူး၍ ပြိုင်ပွဲဝင်(၁၃)သင်း ပါဝင်ယှဉ် ပြိုင်သွားမည်ဖြစ်သည်။

အဆိုပါ ယူ-၂၀ ပြိုင်ပွဲတွင် ဧရာဝတီယူနိုက်တက်၊ ဒဂုံပေါ့၊ ဒဂုံစတားယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ ISPE၊ ဂျူနီယာလိုင်းယွန်း၊ မဟာယူနိုက်တက်၊ မြဝတီ၊ ရခိုင်ယူနိုက်တ က်၊ ရှမ်းယူနိုက်တက်၊ သစ္စာအားမာန်၊ ရတနာပုံနှင့် ရန်ကုန်ယူနိုက်တက်တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

၂၀၂၄ မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲအတွက် ပွဲစဉ်ဇယားကို လတ်တလောတွင် ပထမအကျော့အတွက်သာ ထု တ်ပြန်ထားပြီး ဒုတိယအကျော့ ပွဲစဉ်ဇယားကို ပြိုင်ပွဲကွင်း အခြေအနေပေါ် မူတည်၍ ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီက အသိပေးထားးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here