မုံရွာမြို့တွင် ဒုတိယအကြိမ် သံဃာအပါး (၃၀၀) ဆွမ်းလောင်းလှု

0
162

စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့တွင် ဒုတိယအကြိမ် သံဃာအပါး (၃၀၀)ဆွမ်းလောင်းလှူပွဲကို ယနေ့ဇွန်လ (၁) ရက်  နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းတိုက် (၄) တိုက်မှ ဆရာတော်၊ သံဃာတော် အပါး (၃၀၀) ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များ ကဆွမ်းနှင့် ဆွမ်းဟင်းများ၊ သစ်သီးများ လောင်းလှူသည်။

ပြီးခဲ့သည့် မေလတွင် ပထမအကြိမ် ဆွမ်းလောင်းလှုခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဆွမ်းနှင့် ဆွမ်းဟင်း လောင်းလှူပွဲကို တိုင်းဒေသကြီး အစိုးရ အဖွဲ့ရှိ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ဝန်ထမ်းများနှင့်မိသားစုဝင်များက လစဉ်လောင်းလှူသွားမည်ဖြစ်ကြောင်း သိရ သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here