အမေရိကန်လေယာဉ်တင်သင်္ဘောကို တစ်နေ့ထဲတွင်ပင် နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း ဟူသီဆို

0
418

ယီမင်ဟူသီလက်နက်ကိုင်များသည် ပင်လယ်နီအတွင်းတွင် အမေရိကန်လေယာဉ်တင်သင်္ဘောကြီး Dwight Eisenhower ကို တစ်နေ့ထဲမှာပင် နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ကြောင်း ဟူသီစစ်ဘက် ပြောရေးဆိုခွင့်ရှိသူ Yahya Sarea က ပြောကြားခဲ့သည်။

ဒုံးကျည်အများအပြားနှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၂၄ နာရီအတွင်း ဒုတိယအကြိမ်မြောက် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း Yahya Sarea က Al Masirah ရုပ်သံလိုင်းတွင် ပြောကြားခဲ့သည်။

အမေရိကန်ရေတပ်မှ ဖျက်သင်္ဘောတစ်စင်းနှင့် Maina၊ Aloraiq နှင့် Abliani သင်္ဘောသုံးစင်းတို့ကိုလည်း တိုက်ခိုက်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။ Maina သင်္ဘောအား ပင်လယ်နီအတွင်းနှင့် အာရေဗျလယ်အော်အတွင်းတို့တွင် နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ပြီး၊ Aloraiq သင်္ဘောအား အိန္ဒိယသမုဒ္ဒရာအတွင်းတွင်လည်းကောင်း၊ Abliani သင်္ဘောအား ပင်လယ်နီအတွင်းတွင် လည်းကောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဟူသီများသည် အမေရိကန်ရေတပ်ဖျက်သင်္ဘောကို ဒရုန်းများစွာဖြင့် ပစ်ခတ်ခဲ့ရာ တိုက်ရိုက်ထိမှန်ခဲ့ကြောင်း ဟူသီပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here