ကျပ်သိန်း (၁၂၀၀) ကျော် တန်ဖိုးရှိ တရားမဝင် ကုန်များ ဖမ်းဆီးရမိ

0
139

တရားမဝင် စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ နှင့် မော်တော်ယာဉ်များကို မေ (၃၀) နှင့် (၃၁) ရက်တွင် ဖမ်းဆီးရမိမှု အမှုတွဲ (၄) မှုနှင့် ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၁,၀၉၁,၆၂၀) ခန့်ရှိကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီထံမှ သိရသည်။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီး အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့သို့ လုပ်ဆောင်ရာ မေ (၃၀) ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၈) လုံးအတွင်းမှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် တရုတ်နိုင်ငံထုတ် GI Hollow Pipe ကီလိုဂရမ် (၁၉၇၉၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉,၀၉၁,၃၀၀) ကို ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၁) လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာ ပါရှိလာသည့် အင်ဒိုနီးရှားနိုင်ငံထုတ် Natural Stone Tile (၇၃၉၂) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉,၁၄၅,၂၈၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၈,၂၃၆,၅၈၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မေ (၃၁) ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့ရာ ရွှေကျင် စစ်ဆေးရေးစခန်း၌ မော်တော်ယာဉ် (၁) စီးပေါ်မှ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ (၂၉၄၄) ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂,၈၅၅,၀၄၀) နှင့် အဆိုပါ စက်သုံးဆီများ တင်ဆောင်လာသည့် Nissan Diesel Truck (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂,၈၅၅,၀၄၀) ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူထားကြောင်း သိရသည်။

ထို့ကြောင့် မေ (၃၀) ရက်နှင့် မေ (၃၁)ရက် (၂)ရက်အတွင်း ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၄) မှုနှင့် ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၁,၀၉၁,၆၂၀ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here