သမိုင်းဝင် မစ်ရှင်အတွက် လရဲ့ အမှောင်ဘက်ခြမ်းကို တရုတ်အာကာသယာဉ် ဆင်းသက်

0
209

လရဲ့ အမှောက်ဘက်ခြမ်းရှိ ကျောက်သားနဲ့ မြေဆီလွှာ နမူနာတွေကို ကမ္ဘာအတွက် ပထမဆုံး ပြန်လည်ယူဆောင်လာမယ့် အထင်ကရ မစ်ရှင်အတွက် အဓိက အတားအဆီးတစ်ခုကို ကျော်ဖြတ်ကာ တရုတ်ဟာ ၎င်းရဲ့ လူမဲ့အာကာသယာဉ်ကို တနင်္ဂနွေနေ့(ဇွန် ၂) မှာ လရဲ့ အစွန်အဖျားပိုင်းမှာ ဆင်းသက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

လဆီကို အလျင်စလို သွားရောက်ကြဖို့ အပြိုင်ကြိုးပမ်းနေကြချိန်မှာ ယခု ဆင်းသက်နိုင်ခဲ့မှုက တရုတ်နိုင်ငံရဲ့ အာကာသစွမ်းအား အဆင့်အတန်းကို မြင့်တက်စေခဲ့ပါတယ်။ လာမယ့် ဆယ်စုနှစ်အတွင်း အာကာသယာဉ်မှူးလိုက်ပါ မစ်ရှင်တွေနဲ့ လအခြေစိုက်စခန်းတွေ ရေရှည်တည်တံ့စေရေးအတွက် အမေရိကန် အပါအဝင် နိုင်ငံတွေက လရဲ့ ဓါတ်သတ္ထု့တွေကို လေ့လာ အသုံးချဖို့ မျှော်လင့်နေကြပါတယ်။

ကိရိယာတန်ဆာပလာများစွာနဲ့ ကိုယ်ပိုင် ပစ်လွှတ်စင် တပ်ဆင်ထားတဲ့ Chang’6 အာကာသယာဉ်ဟာ လရဲ့ အာကာသ မျက်နှာစာဘက်ခြမ်းရှိ South Pole-Aitken Basin လို့ခေါ်တဲ့ ဧရာမကျင်းချိုင့်ကြီးရဲ့အဝမှာ ပေကျင်းစံတော်ချိန် မနက် ၆း၂၃ နာရီက ဆင်းသက်ခဲ့တယ်လို့ တရုတ်အမျိုးသား အာကာသစီမံခန့်ခွဲရေးအဖွဲ့က ပြောဆိုခဲ့ပါတယ်။

ဒီမစ်ရှင်ဟာ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ တီထွင်ဆန်းသစ်မှုတွေ၊ မြင့်မားတဲ့ အန္တရာယ်တွေနဲ့ ကြီးမားတဲ့ အခက်အခဲတွေ ပေါင်းစပ်ပါဝင်ခဲ့တယ်လို့ ယင်းရဲ့ ဝက်ဘ်ဆိုက်ပေါ်က ထုတ်ပြန်ချက်မှာ ဆိုခဲ့ပါတယ်။

Chang’e 6 လဆင်းယာဉ်က သယ်ဆောင်သွားတဲ့ ကိရိယာပစ္စည်းတွေဟာ စီစဉ်ထားတဲ့အတိုင်း အလုပ်လုပ်သွားမှာဖြစ်ကာ သိပ္ပံဆိုင်ရာ စူးစမ်းရှာဖွေမှုမစ်ရှင်တွေကို ဆောင်ရွက်မှာဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

ဒါဟာ အခြားဘယ်နိုင်ငံမှ မရောက်သေးတဲ့ လရဲ့ အမှောင်ဘက်ခြမ်း မျက်နှာပြင်ပေါ်ကို တရုတ်က ဒုတိယအကြိမ်မြောက် အောင်မြင်စွာ ဆင်းသက်ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။ ကမ္ဘာနဲ့ အဝေးကို အမြဲတစေ မျက်နှာမူလျက်ရှိကာ နက်နဲပြီး မှောက်မိုက်တဲ့ ချိုင့်ခွက်တွေ ပြည့်နှက်နေတဲ့ အဆိုပါဘက်ခြမ်းဟာ ဆက်သွယ်ရေးနဲ့စက်ရုပ်ဆင်းသက်မှုလုပ်ငန်းစဉ်တွေအတွက် ပိုမိုစိန်ခေါ်မှု ဖြစ်စေကြောင်း သိရပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here