အိန္ဒိယရဲ့ ရွေးကောက်ပွဲကြီးအပြီး မဲရုံအထွက် စစ်တမ်းတွေအရ ဝန်ကြီးချုပ် မိုဒီ တတိယသက်တမ်းအတွက် အနိုင်ရဖို့ ရှိနေဟု ဆို

0
242

၄၄ ရက်ကြာခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ ကြီးမားလှသော ရွေးကောက်ပွဲရဲ့ နောက်ဆုံးအဆင့် အပြီးသတ် မဲပေးမှုတွေအပြီး နာရီပိုင်းအကြာမှာ ထုတ်ပြန်လိုက်တဲ့ မဲရုံအထွက် လူထုစစ်တမ်းတွေအရ ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီအနေနဲ့ သုံးကြိမ်ဆက် ဝန်ကြီးချုပ်သက်တမ်းအတွက် အာဏာပြန်ရယူနိုင်ဖို့ရှိနေတယ်လို့ ဆိုပါတယ်။

မဲရုံအထွက် စစ်တမ်း ၇ ခုရဲ့ ခန့်မှန်းချက်အရ မစ္စတာ မိုဒီရဲ့ Bharatiya Janata Party (BJP) ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ဟာ အောက်လွှတ်တော်မှာ အမတ်နေရာ ၃၄၂ ကနေ ၄၀၁ အကြား အနိုင်ရဖို့ရှိပြီး အတိုက်အခံ အိန္ဒိယ မဟာမိတ်အဖွဲ့ကတော့ အမတ်နေရာ ၁၀၉ နဲ့ ၂၀၁ အကြား ရရှိနိုင်တယ်လို့ ဆိုပါတယ်။

အနောက်ဘင်္ဂလားပြည်နယ်မှာ ကြိုကြား ကြိုကြား ပေါ်ပေါက်ခဲ့တဲ့ အကြမ်းဖက်ဖြစ်စဉ်တွေကြားကနေ ပြီးဆုံးသွားခဲ့တဲ့ ရွေးကောက်ပွဲရဲ့ တရားဝင် ရလဒ်တွေကတော့ မဲတွေ ရေတွက်ပြီးချိန် ဇွန်လ ၄ ရက်နေ့မှာ ထွက်ပေါ်လာမှာဖြစ်ပါတယ်။

မဲဆွယ်ကာလအတွင်း BJP ရဲ့ ကိုယ်ပိုင်ခန့်မှန်းချက်ဖြစ်တဲ့ အမတ်နေရာ ၄၀၀ ကျော်အနေအထားကတော့ မဲရုံအထွက် စစ်တမ်း ၆ ခုရဲ့ ဖော်ပြချက်အရ အလှမ်းမမှီနိုင်တော့ဘူးလို့ ဆိုပါတယ်။

မြောက်အိန္ဒိယပါတီတစ်ခုအဖြစ် ကာလကြာရှည် ပုံရိပ်ရှိထားခဲ့တဲ့ BJP ပါတီဟာ ယခု ရွေးကောက်ပွဲအတွင်း တောင်ပိုင်းပြည်နယ်အချို့မှာလည်း လမ်းကြောင်းဖောက်နိုင်ခဲ့ကာ အမတ်နေရာ အနိုင်ရမှုတွေ ရှိလာခဲ့တယ်လို့ စစ်တမ်းတွေက ဖော်ပြခဲ့ပါတယ်။

သို့ပေမယ့် အိန္ဒိယနိုင်ငံရဲ့ မဲရုံအထွက် စစ်တမ်းတွေဟာ ခန့်မှန်းမှု ရလဒ်ပိုင်းမှာ ရောထွေးမှုတွေရှိခဲ့ဘူးကြောင်းမှတ်တမ်းတွေကရှိထားပါတယ်။

၂၀၁၉ ခုနှစ် ရွေးကောက်ပွဲမှာ မဲရုံအထွက် စစ်တမ်းအားလုံးက BJP ဦးဆောင်တဲ့ မဟာမိတ်က အနိုင်ရမယ်လို့ ခန့်မှန်းခဲ့ပေမယ့် အပြီးသတ်စာရင်းကို လျှော့တွက်မှုခြင်း သို့မဟုတ် မတန်တဆတွက်ချက်မှုတွေလုပ်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ BJP တစ်ခုတည်းက ၃၀၃ နေရာအနိုင်ရခဲ့မှုနဲ့အတူ မဟာမိတ်အဖွဲ့ဟာ အမတ်နေရာ ၃၅၃ နေရာအနိုင်ရခဲ့ပြီး အတိုက်အခံ ကွန်ဂရက်ပါတီကတော့ အမတ်နေရာ ၅၂ နေရာ အနိုင်ရရှိခဲ့ပါတယ်။

၂၀၀၄ ခုနှစ် ရွေးကောက်ပွဲမှာ မဲရုံအထွက်စစ်တမ်းတွေ အမှားအယွင်းဖြစ်ခဲ့ပြီး BJP အနိုင်ရမယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် နောက်ဆုံးမှာ ကွန်ဂရက်ပါတီက အနိုင်ရသွားခဲ့ဖူးပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here