တီထွင်မှု မူပိုင်ခွင့်ဥပဒေ စတင် အာဏာတည်သည့်နေ့ကို ကြေညာ

0
223

တီထွင်မှု မူပိုင်ခွင့် ဥပဒေကို မေလ (၃၁) ရက်က စတင်၍ အာဏာတည်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဇွန်လ (၁)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

အဆိုပါ ဥပဒေကို ၂၀၁၉ ခုနှစ်က ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၇)ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

ယင်းဥပဒေ စတင် အာဏာတည်သောကြောင့် တီထွင်မှုမူပိုင်ခွင့်ရရှိသူနှင့် တီထွင်သူတို့၏ အခွင့်အရေး၊ အကျိုးစီးပွားကို ဥပဒေနှင့် အညီအကာအကွယ်ပေးနိုင်တော့မည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါဥပဒေအသက်ဝင်လာနေမှုအပေါ် ” တီထွင်ကြသူများ၏အခွင့်အရေးနှင့်အကျိူးစီးပွားများကိုအကာ အကွယ်ပေးခြင်းအားဖြင့် ပြည်သူများသည်အသစ် အသစ်သောနည်းပညာနှင့် ထုတ်ကုန်များကိုခံစား အသုံးပြုနိုင်ကြမည်”ဖြစ်ကြောင်း မူပိုင်ခွင့်ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြောဆိုသည်။

အနုပညာလောကမှ ထုတ်လုပ်သူတစ်ဦးကလည်း “လိုနေတဲ့ကွက်လပ်တစ်ခုကို ဖြည့်လာနိုင်ဖို့ မျှော်လင့်နေပါကြောင်း” ပြောကြားသည်။

“အသိဉာဏ်ပစ္စည်းဆိုင်ရာမူပိုင်ခွင့်များနှင့်ပတ်သက်သော ဗဟုသုတများ၊နားလည်မှုများနှင့်
အသိပညာများသည် စားသုံးသူများနှင့်ရင်းနှီးမြှုပ်နှံကြသူများအတွက်လိုအပ်နေဆဲဖြစ်သည်”ဟု လေ့လာသူတစ်ဦးကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here