ပြုံယမ်းက အမှိုက် မီးပုံးပျံ ၆၀၀ ကျော်ကို နယ်စပ်သို့ထပ်မံလွှတ်တင်

0
429
This handout photo taken by the South Korean Defence Ministry between the night of June 1 and 2, 2024 and released on June 2, 2024 shows South Korean military officers check unidentified objects believed to be North Korean trash from balloons that crossed the inter-Korea border, on a street in Seoul. - North Korea again sent trash-carrying balloons into the South on June 1, the South Korean military said, a day after Seoul warned of countermeasures against such activity. (Photo by Handout / South Korean Defence Ministry / AFP)

ဆိုးလ်၊ဇွန် ၂

မြောက်ကိုရီးယားသည် အမှိုက်များပါဝင်သည့် မီးပုံးပျံအလုံး ၆၀၀ ကျော် ကို ထပ်မံ ၍ နှစ်နိုင်ငံနယ်စပ်သို့ လွှတ်တင်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်ကပြောကြားခဲ့ပြီး အဆိုပါမီးပုံးပျံများကို တောင်ကိုရီးယားဝန်ထမ်းများက အကာအကွယ်ဝတ်စုံအပြည့်ဖြင့် ရှင်းလင်းရေးလုပ်ခဲ့ရာ စီးကရက်အတိုများ၊ကတ်ထူများနှင့်ပလပ်စတစ်အမှိုက်များပါကြောင်းသိရသည်။

တောင်ကိုရီးယားကမူ မြောက်ကိုရီးယား၏ယခုလုပ်ရပ်သည် အလွန်နိမ့်ကျပြီး အရေးမပါဘဲ အနှောင့်အယှက်ပေးရုံသက်သက်သာဖြစ်ကြောင်းပြောကြားခဲ့သော်လည်း တကယ်တမ်းတွင်မူ ဒုံးကျည်များခဏခဏပစ်လွှတ်နေခြင်းနှင့်စာလျှင် ယခုကဲ့သို့ အမှိုက်များပစ်ချခြင်းသည် ကုလသမဂ္ဂ၏စည်းမျဉ်းကိုလည်းမချိုးဖောက်သည့်အတွက် အရေးယူရခက်နေသည်။

မြောက်ကိုရီးယားအနေဖြင့် ယခုလုပ်ရပ်အား ရပ်တန့်ခြင်းမရှိပါက ပြင်းထန်သော တန်ပြန်အရေးယူမှုပြုလုပ်မည်ဖြစ်ကြောင်း တောင်ကိုရီးယားကပြောကြားခဲ့ပြီး ယခုလုပ်ရပ်သည် ၁၉၅၀ မှ ၁၉၅၃ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် ကိုရီးယားစစ်ပွဲအားအဆုံးသတ်စေသည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကိုလည်းဆန့်ကျင်နေသည်ဟု ဆိုးလ်ကသတိပေးခဲ့သည်။

တောင်ကိုရီးယား ပူးတွဲစစ်ဦးစီး အရာရှိချုပ်များကမူ မြောက်ကိုရီးယားဘက်မှရောက်လာသည့် အမှိုက်များထဲတွင် အန္တရာယ်ရှိသောအရာတစ်စုံတစ်ရာမတွေ့ရသေးသော်လည်း ပြည်သူများအနေဖြင့် အဆိုပါအမှိုက်များနှင့် ဝေးဝေးနေကြရန်လည်းတိုက်တွန်းထားသည်။

ပြီးခဲ့သည့်အင်္ဂါနေ့ကတည်းက ပြုံယမ်းသည် ဆိုးလ်ဘက်သို့ အမှိုက်များပါသည့် မီးပုံးပျံအလုံးပေါင်း ၉၀၀ ခန့်ကို လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ယခုတစ်ကြိမ်သည် စနေနေ့ညနေပိုင်းတွင် ရောက်ရှိလာခြင်းဖြစ်သည်ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။

ယခုနောက်ဆုံးလွှတ်တင်လိုက်သည့် အမှိုက်မီးပုံးပျံများတွင် စီးကရက်ဘူးများ၊စီးကရက်အတိုများ၊စက္ကူအပိုင်းအစများ၊အထည်အပိုင်းအစများနှင့် ပလပ်စတစ်အမှိုက်များစသည့်အရာများပါဝင်ကြောင်းလည်းသိရသည်။

တောင်ကိုရီးယားစစ်တပ်အနေဖြင့် အဆိုပါမီးပုံးပျံများ စတင်ပစ်လွှတ်ရာနေရာကို ထောက်လှမ်းနေပြီး ဝေဟင်ထောက်လှမ်းမှုများပါလုပ်ဆောင်နေကာ ပြည်သူများဘေးကင်းရေးအတွက် ပျက်ကျလာသောမီးပုံးပျံများမှအမှိုက်သရိုက်များကို သတိထားကိုင်တွယ်ဆောင်ရွက်နေကြောင်းလည်းပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အေစီ/အေတီ


LEAVE A REPLY

Please enter your comment!
Please enter your name here