မစောတံတား ရာနှုန်းပြည့်ပြီးစီးပြီဖြစ် ၊ တံတားချဉ်းကပ်လမ်း ပြီးပါက ကုန်တင်ကားကြီးများ စတင်ဖြတ်သန်းခွင့်ပြုမည် ဟုဆို

0
401

မွန်ပြည်နယ် ဘီးလင်းမြို့ယ် အတွင်းရှိ
မစောတံတား ရာနှုန်းပြည့် ပြင်ဆင်ပြီးစီးသွားပြီဖြစ်ကာ လာမည့် ရက်ပိုင်းအတွင်းကုန်တင်ကားကြီးများကို စတင်ဖြတ်သန်းခွင့်ပြုရန် လက်စသတ်ပြင်ဆင်လျှက်ရှိကြောင်း တံတားဆောက်လုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြော သည်။

“တံတားက လမ်းပိုင်းထက်မြင့်သွားတော့ ဟိုဘက်ဒီဘက်တံတားပေါ်တက်မယ့် ချဉ်းကပ်လမ်းအတိုလေးကို ကွန်ကရစ်ခင်းဖို့အမာခံမြေဖို့နေတာတွေလုပ်နေပါတယ်။ ကားသေးတွေတော့ဖြတ်သန်းခွင့်ပြုနေပါပြီ။ ခွင့်ပြုတာကလည်း သူတို့နင်းလိုက်လို့ လိုအပ်မယ့်နေရာတွေကို လက်စသတ်လုပ်စရာရှိတာ လိုက်လုပ်နေတာပါ။ ပြီးရင် တံတားအဆင်းအတက် လမ်းကိူ ကွန်ကရစ်ခင်းမှာမို့ မနက်ဖြန်လောက်ဆို ကုန်တင်ကားတွေ သွားလို့ ရနိုင်ပါပြီ။”ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် တံတားအောက် ယာယီမြေသားလမ်းပိုင်းမှာ မိုးဆက်တိုက်ရွာသွန်းနေခြင်းကြောင့် မည်သည့်ယာဉ်မှ‌ဖြတ်သန်းခွင့်မပြုတော့ကြောင်း သိရသည်။

“အောက်ကမြေသားကပျော့သလို တောင်ကျချောင်းရေကြောင့် ကားဖြတ်ရင်နစ်သွားနိုင်တာမို့ပါ။ တစ်မြန်ရက်ကလည်း ကားကြီးတစ်စီးနစ်လို့ ဆွဲတင်ကြရသေးတယ်။”ဟု ၎င်းက ဖြည့်စွက်ဆိုသည်။

ကားသေးများ ဖြတ်သန်းခွင့်ပြုနေပြီဖြစ်
သဖြင့် တန်းစီစောင့်ဆိုင်းရသည့် ယာဉ်နည်းပါးလာကာ၊ ကုန်တင်ကားကြီးများ
လောက်သာ ကျန်ရှိကြောင်း ဆိုသည်။

တံတားပြီးစီး၍ ဖြတ်သန်းခွင့်ပြုပါကလည်း တစ်လမ်းမောင်းစနစ်ဖြစ်သည့် အတွက် အလှည့်ကျဖြတ်သန်းခွင့်ပြုမည်ဖြစ်ရာ အချိန်အနည်းငယ် တန်းစီစောင့် ဆိုင်းရခြင်းမျိုး ရှိနိုင်သေးသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here