မန္တလေးဆိပ်ကမ်းမှ မင်းကွန်း၊ ပုဂံ၊ ဗန်းမော်ဘက်သို့ သွားရောက်မည့် ခရီးသည်တင်ရေယာဉ်များအတွက် ကျွမ်းကျင်ရေကြောင်းပြများ ငှားရမ်းနိုင်

0
85

မိုးတွင်ကာလတွင် မန္တလေးဆိပ်ကမ်းမှ မင်းကွန်း၊ ပုဂံ၊ ဗန်းမော်ဘက်သို့ သွားရောက်မည့် ခရီးသည်တင်ရေယာဉ်များအတွက် ကျွမ်းကျင်ရေကြောင်းပြများ ငှားရမ်းနိုင်ကြောင်း ရေအရင်းအမြစ် နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာန ဒေသ – ၅ ၊ မန္တလေးတိုင်းဒေသကြီး ၊ ရေလမ်းညွှန်ဌာန လက်ထက်ညွှန်ကြားရေမှူး ဦးရဲထွန်းလင်းအောင်၏ ပြောကြားချက်အရ သိရသည်။

မိုးရာသီကာလတွင် မန္တလေးဆိပ်ကမ်းမှ ခရီးသည်နှင့် ကုန်စည် တင်ဆောင်ကာ ပြေးဆွဲနေသည့် ရေယာဉ်များအနေဖြင့် ရေများချိန်ကာလဖြစ်သည့်အတွက် မင်းကွန်း၊ ပုဂံ၊ ဗန်းမော်ဘက်သို့ သွားရောက်ရာတွင်ရေယာဉ်များ အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေး ရေကြောင်းပြ ကျွမ်းကျင်သူများကို တစ်မိုင်လျှင် ငွေကျပ် (၃၀၀၀) နှုန်းဖြင့် ရေလမ်းညွှန်ဦးစီး ဌာနသို့ ဆက်သွယ်၍ငှားရမ်းနိုင်ကြောင်း သိရသည်။

“အခုလတ်တလော မန္တလေးဆိပ်ကမ်းကနေ မင်းကွန်းဘက်ကိုတော့ ခရီးသည်တွေ အသွားအလာများပါတယ်။ ပုဂံနဲ့ဗန်းမော်ဘက်ကိုကျတော့ အသွားအလာနည်းတော့ ရေ ကြောင်းအနေအထားကို မသိကြဘူး၊၊ ရေကြောင်းကို မသိတဲ့အတွက် ရေအနက်ရှိတဲ့ နေရာတွေ ရောက်သွားရင်အန္တရာယ်ရှိနိုင်တယ်။ ဒါကြောင့်ရေလမ်းကြောင်းကို ညွှန်ပြပေးမဲ့ ကျွမ်းကျင်တဲ့ ရေကြောင်းပြတွေကို ငှားရမ်းပေးသွားမှာပါ။ကျွမ်းကျင်တဲ့ရေကြောင်းပြတွေ ငှားရမ်းရင် မိမိသွားလိုတဲ့ ခရီးရဲ့မိုင်အလိုက်အခကြေးငွေနဲ့ ငှားရမ်းရမှာပါ။ တစ်မိုင်ကို ငွေကျပ် (၃၀၀၀) သတ်မှတ်ထားပါတယ်”ဟု ဦးရဲထွန်းလင်းအောင်က နိုင်ငံပိုင်သတင်းဌာနသို့ ပြောကြားထားသည်။

ယခုလက်ရှိ ဧရာဝတီမြစ်အတွင်း မန္တလေး မှ ဗန်းမော်ဘက်သို့ သွားလာမည့် ခရီးသည်တင်ရေယာဉ်များ နှင့် ကုန်တင်ရေယာဉ်များအနေဖြင့် ရေလမ်းညွှန်ဌာနက စိုက်ထူပြသပေးထားသည့် ရေလမ်းညွှန်အမှတ်အသားများကို အထူးဂရုပြုသွားလာရန်လည်း လိုအပ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here