ရာဖာနယ်စပ်မှ ဆုတ်ခွာပေးရန် အစ္စရေး ကို အီဂျစ်တောင်းဆို

0
318
A Palestinian man slavages items from a waste dump atop building rubble at al-Bureij camp in the central Gaza Strip on June 2, 2024, amid the ongoing conflict between Israel and the Palestinian Hamas militant group. (Photo by Eyad BABA / AFP)

ကိုင်ရို၊ဇွန် ၃

အမေရိက၊ အစ္စရေးနှင့် အီဂျစ်တို့မှတာဝန်ရှိသူများသည် ကိုင်ရို၌ကျင်းပသည့် တွေ့ဆုံဆွေးနွေးမှုကိုရပ်ဆိုင်းပြီးနောက် အစ္စရေးက သိမ်းယူထားသည့် ရာဖာနယ်စပ်မှ အစ္စရေးတပ်များဆုတ်ခွာပေးရန် အီဂျစ်ကတောင်းဆိုခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့်မေလက အစ္စရေးက ရာဖာကို ထိုးစစ်မြှင့်တင်ပြီး အီဂျစ် – ဂါဇာနယ်စပ်ရှိ ဂါဇာဘက်အခြမ်းကို သိမ်းထားသဖြင့် အီဂျစ်က ဒေါသထွက်ကာ ၎င်းတို့နယ်စပ်မှတစ်ဆင့်ပေးပို့နေသည့် ဂါဇာအတွက်အထောက်အပံ့များနှင့်ရွှေ့ပြောင်းခြင်းများအတွက် အစ္စရေးနှင့်ဆက်၍ အလုပ်မလုပ်နိုင်ဟုဆိုခဲ့သည်။

နှစ်ဘက်နယ်စပ်ပြန်ဖွင့်ရန် သဘောတူညီမှုမရခဲ့သော်လည်း တနင်္ဂနွေနေ့က တွေ့ဆုံမှုသည် အပြုသဘောဆောင်သည်ဟု အီဂျစ်လုံခြုံရေး သတင်းရင်းမြစ်များကပြောကြားခဲ့သည်။

ပါလက်စတိုင်းအာဏာပိုင်များက လုပ်ငန်းပြန်စရန် သဘောတူပါက လုပ်ငန်းဆောင်ရွက်မှုကို ကြီးကြပ်ရန် နယ်စပ်၌ ဥရောပစောင့်ကြည့်သူများကိုပါ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်းလည်း အဆိုပါအစည်းအဝေးတွင် အီဂျစ်ကိုယ်စားလှယ်အဖွဲ့ကပြောကြားခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here