ယခုညကောင်းကင်တွင်ဂြိုလ် ၆လုံးတတန်းတည်းဖြစ်မည့် ‘ဂြိုလ်များချီတက်ပွဲ’ ရှိ

0
168

ဗုဒ္ဓဟူးဂြိုဟ်၊ အင်္ဂါဂြိုဟ်၊ ဂျူပီတာ၊ စနေဂြိုဟ်၊ နက်ပကျွန်းဂြိုဟ်နှင့် ယူရေးနပ်စ်တို့သည် ဇွန်လ ၃ ရက်နေ့ ညတွင် တတန်းတည်းကျရောက်ဖို့ရှိနေကြသည်။

သို့သော် ၎င်းတို့ကို မြင်လိုပါက ကြယ်ကြည့်ကိရိယာများဖြင့်သာမြင်နိုင်မည် ဖြစ်သည်။

ဂြိုလ်များသည် ကောင်းကင်ယံတွင် တန်းစီနေမည်ဖြစ်ကာ စနေဂြိုဟ်သည် အပေါ်ဘက်တွင် ပေါ်လာမည်ဖြစ်ပြီး၊ ၎င်းနောက်တွင် နက်ပကျွန်း၊ ထို့နောက် အင်္ဂါဂြိုဟ်၊ ယူရေနပ်စ်နှင့် ဗုဒ္ဓဟူးဂြိုဟ်တို့ ပေါ်လာပြီး၊ ဂျူပီတာသည် မိုးကုတ်စက်ဝိုင်းနှင့် အနီးဆုံးတွင် ပေါ်လာမည်ဖြစ်သည်။

“မိုးကုပ်စက်ဝိုင်းအနိမ့်ပိုင်း နေရာမှာ နေမထွက်ခင် တစ်နာရီအလို အရှေ့-အရှေ့တောင်ဘက်ကို ကြည့်ပါ” ဟု Royal Observatory Greenwich မှ နက္ခတ္တဗေဒပညာရှင် Gregory Brown က ပြောသည်။

“အင်္ဂါဂြိုဟ်နှင့် စနေဂြိုဟ်တို့ကို မျက်စိဖြင့်မြင်နိုင်မည်ဖြစ်ပြီး ၎င်းတို့သည် လိမ္မော်ရောင်ဖြစ်နေမည်ဖြစ်သည်။ကံကောင်းပါက နက်ပကျွန်းကို မှန်ပြောင်း ဖြင့်မြင်နိုင်လိမ့်မည်” ဟု Mr Brown က ပြောကြားခဲ့သည်။

ကြာသပတေးဂြိုဟ်၊ သောကြာဂြိုဟ်နှင့် ယူရေးနပ်စ်တို့သည် နေနှင့် အလွန်နီးကပ်သောကြောင့် မြင်ရန် ပို၍ခက်ခဲနိုင်သည်။၎င်းတို့သည် နံနက်ဝေလီဝေလင်းအချိန်တွင် မြင်ရန်ပို၍ခက်ခဲသည်။

Ref: news.sky.com


LEAVE A REPLY

Please enter your comment!
Please enter your name here