၉၃နှစ်အရွယ်မီဒီယာသူဋ္ဌေးကြီး၏ငါးကြိမ်မြောက်မင်္ဂလာပွဲ

0
173

လက်ယာယိမ်းမီဒီယာသူဌေးကြီး ရူးပတ်မားဒေါ့ခ်ျသည် စနေနေ့က ပဉ္စမအကြိမ်မြောက် လက်ထပ်သွားကြောင်းကို ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့သည်။

မားဒေါ့ချ် ပိုင် The Sun သည် ကယ်လီဖိုးနီးယားပြည်နယ် Bel-Air ရှိ ၎င်း၏စပျစ်ခြံတွင် အသက် ၆၇ နှစ်အရွယ် Elena Zhukova နှင့် အသက် ၉၃ နှစ်အရွယ် သြစတြေးလျဘီလျံနာတို့၏မင်္ဂလာပွဲကျင်းပသည့်ဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။ .

Wall Street Journal၊ New York Post နှင့် Fox News တို့ပါ၀င်သည့် မီဒီယာကုမ္ပဏီနှစ်ခုဖြစ်သည့် Fox Corporation နှင့် News Corp တို့ကို မားဒေါ့ချ်က ဆယ်စုနှစ်များစွာဦးဆောင်ခဲ့သည်။

Bloomberg ၏ ဘီလီယံနာအညွှန်းကိန်းအရ အသားတင်ပိုင်ဆိုင်မှုဒေါ်လာ ၉.၇၇ ဘီလီယံရှိသော မားဒေါ့ချ် သည် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ထိုကုမ္မဏီနှစ်ခုလုံး၏ဥက္ကဌအဖြစ်မှ နုတ်ထွက်ပြီး ၎င်း၏သား Lachlan အားတာဝန်လွှဲပြောင်းပေးမည်ဟု ကြေညာခဲ့သည်။

New York Times ၏ဖော်ပြချက်အရ ငါးယောက်မြောက်ဇနီးလောင်း Zhukova နှင့်ပြီးခဲ့သည့်နွေရာသီက စတင်ချိန်းတွေ့ခဲ့ကြပြီး မတ်လတွင် စေ့စပ်ကြောင်းလမ်းခဲ့သည်။

မားဒေါ့ချ်သည် စူပါမော်ဒယ်ဟောင်း Jerry Hall နှင့် လက်ထပ်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်တွင် ကွာရှင်းခဲ့သည်။

၂၀၂၃ ခုနှစ် မတ်လတွင်၄င်း သည် Ann Lesley Smith ကိုချစ်ခွင့်ပန် ခဲ့သော်လည်း နှစ်ပတ်အကြာတွင် စေ့စပ်ကြောင်းလမ်းထားမှုပျက်သွားခဲ့သည်။

Source:CNN


LEAVE A REPLY

Please enter your comment!
Please enter your name here