သူရဦးတင်ဦး၏ နာရေး အခမ်းအနားကို ဇွန် (၅) ရက် နေ့လယ် (၂) နာရီတွင် ရေဝေးသုဿန်၌ ကျင်းပမည်

0
173
  • နစက ဥက္ကဋ္ဌ နှင့် ဇနီး၊ ဒေါ်အောင်ဆန်းစုကြည်တို့ လွမ်းသူ့ပန်းခြင်းများ ပေးပို့ထား

ဇွန်လ (၁) ရက် နံနက်ပိုင်းက ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည့် NLD ပါတီ နာယက၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး၏ ဈာပနအခမ်းအနားကို လာမည့် ဇွန်လ (၅) ရက် နေ့လယ် (၂) နာရီမှ (၃) နာရီအထိ ရေဝေးသုဿန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ နာရေးအခမ်းအနား ကျင်းပပြီးနောက် ညနေ (၄) ခွဲတွင် ဂူသွင်းသဂြိုလ်မည်ဖြစ်ပြီး နေအိမ်မှ နေ့လယ်(၁) နာရီကားစထွက်မည်ဖြစ်ကြောင်း လိုက်ပါပို့ဆောင်မည့်သူများအား အသိပေးကြေညာထားသည်။

NLD ပါတီ နာယက သူရဦးတင်ဦး ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် နစက ဥက္ကဋ္ဌနှင့် ဇနီးမှ လွမ်းသူ့ပန်းခြင်းပေးပို့ထားပြီး NLD ပါတီဥက္ကဋ္ဌ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်မှလည်းလွမ်းသူ့ပန်းခြင်း ပေးပို့ထားသည်ကို တွေ့ရသည်။

ထို့ပြင် သမ္မတဟောင်းများဖြစ်သည့် ဦးထင်ကျော်၊ ဦးဝင်းမြင့်တို့နှင့် ဇနီးများမှလည်း လွမ်းသူ့ပန်းခြင်းများ ပေးပို့ထားသည်ကို တွေ့ရသည်။

အလားတူ တရုတ်သံရုံးမှလည်း ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် လွမ်းသူ့ပန်းခြင်း ပေးပို့ထားသလို နိုင်ငံရေးပါတီအချို့မှလည်း ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လွမ်းသူ့ပန်းခြင်းပေးပို့ထားသည်ကို မြင်တွေ့ခဲ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here