ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးတွင် Hino Rainbow ယာဉ် တိမ်းမှော-က်မှုဖြစ်ပွားပြီး ယာဉ်နောက်လိုက် (၁)ဦး ထိခိုက်ဒဏ်ရာရ

0
95

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၄ ၆/၅)နှင့် (၃၄၆/၆)ကြားတွင် ယာဉ်တစ်စီး မတော်တဆ တိမ်းမှေ-ာက်မှု ဖြစ်ပွားရာ ယာဉ်ပေါ်ပါ အမျိုးသား (၃)ဦးအနက် (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇွန် (၃) ရက်၊ ညနေ (၄)နာရီ၊ (၁၅)အချိန်ခန့်က မိတ္ထီလာဘက်မှ မန္တ‌လေးဘက်သို့ မောင်းနှင်လာသော Hino Rainbow အဖြူရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်း ချော်၍ လမ်းလယ်ကျွန်းပေါ်သို့ တိမ်းမှော-က်ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဉ်တိမ်းမှေ-ာက်မှု ဖြစ်ပွားကြောင်း သတင်းအရ တံတားဦးမြို့နယ် မီးသတ်စခန်းနှင့် စကားအင်းအမြန်လမ်းမီးသတ်စခန်းတို့မှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များမှ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း အမျိုးသား (၁)ဦးနှင့် ယာဉ်နောက်လိုက် အမျိုးသား (၂)ဦး စုစုပေါင်း (၃)ဦးတွင် ယာဉ်နောက်လိုက် (၁)ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ)အား လူနာတင်ယာဉ်ဖြင့် တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here