ဂါဇာမှာ အစ္စရေးဓ-ါးစာခံ လေးဦး ထပ်မံ‌ေ-သဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ် ပြောကြား

0
152

အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့ အဓမ္မဖမ်းဆီးသွားခဲ့တဲ့ အစ္စရေးဓ-ါးစာခံတွေထဲက လေးဦး ထပ်မံ‌ေ-သဆုံးခဲ့ကြောင်းနဲ့ ရုပ်အလေ-ာင်းတွေကို ပါလက်စတိုင်း အစ္စလာမ်မစ်အုပ်စုက ထိန်းသိမ်းထားကြောင်း အစ္စရေးစစ်တပ်က ပြောဆိုပါတယ်။

‌ေ-သဆုံးခဲ့တဲ့ ဓ-ါးစာခံအမျိုးသား လေးဦးဟာ ချီယမ် ပါရီ(၈၀ နှစ်)၊ ယိုရမ် မက်ဇ်ဂါ(၈၀ နှစ်)၊ အမီရမ် ကူးပါး(၈၄ နှစ်) နဲ့ နာဒက်ဗ် ပေါ့ပလီဝဲလ်(၅၁ နှစ်) တို့ဖြစ်တယ်လို့ အမည်နဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။

သူတို့လေးဦးလုံးဟာ ဟားမတ်စ်က တင်ခဲ့တဲ့ ဓ-ါးစာခံဗီဒီယိုတွေထဲမှာ အသက်ရှင်လျက်တွေ့ရှိခဲ့ရသူတွေဖြစ်ပါတယ်။ ယင်းတို့ထဲက ပေါ့ပလီဝဲလ်ဟာ ပြီးခဲ့တဲ့လက သူ့ကို ဗီဒီယိုရို-က်ပေးနေစဉ် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခုမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ‌ေ-သဆုံးခဲ့ခြင်းဖြစ်တယ်လို့ ဟားမတ်စ်က ပြောဆိုပါတယ်။

ထောက်လှမ်းရေးတွေ့ရှိချက်အသစ်တွေအရ သူတို့‌ေ-သဆုံးတာကို အတည်ပြုခဲ့တယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီရယ် ဟာဂါရီက ပြောဆိုခဲ့ပါတယ်။

ဂါဇာတောင်ပိုင်း ခန်ယူနစ်မြို့မှာ လွန်ခဲ့တဲ့ လအတော်ကြာက အစ္စရေးတပ်တွေ စစ်ဆင်ရေးဆောင်ရွက်နေခဲ့ချိန်က ၎င်းတို့ လေးဦး သ-တ်ဖြ-တ်ခံလိုက်ရခြင်းဖြစ်တယ်လို့ စစ်တပ်က ယုံကြည်ထားကြောင်းလည်း ဟာဂါရီက ပြောဆိုခဲ့ပါတယ်။

“သူတို့ ‌ေ-သဆုံးရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ စေ့စေ့စပ်စပ် စစ်ဆေးနေပြီး ဖြစ်နိုင်ဖွယ်အားလုံးကို စစ်ဆေးနေပါတယ်။ တွေ့ရှိချက်တွေအပေါ် မကြာခင်မှာ သူတို့ မိသားစုတွေကို အရင်တင်ပြပြီး အဲဒီနောက် လူထုကို ချပြမှာပါ” လို့ သူက ပြောခဲ့ပြီး မိမိတို့ လုပ်ဆောင်ထားတဲ့အတိုင်း ပွင့်လင်းမြင်သာစွာ တင်ပြသွားမှာဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်က ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ ဓ-ါးစာခံ ၂၅၀ ကျော်ရှိခဲ့တာဖြစ်ပြီး လက်ရှိ ဂါဇာမှာ ကျန်ရှိနေဆဲ ဓ-ါးစာခံ ၁၂၀ ခန့်ရှိတယ်လို့ အစ္စရေးရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။ ယင်း ဓ-ါးစာခံတွေထဲက အများအပြားဟာ ‌ေ-သဆုံးခဲ့ရပြီလို့လည်း အစ္စရေးအာဏာပိုင်တွေ ထုတ်ပြန်ကြေညာထားပါတယ်။

Ref: France 24


LEAVE A REPLY

Please enter your comment!
Please enter your name here