သမိုင်းဝင်နိုင်ပွဲနဲ့အတူ မက္ကဆီကိုရဲ့ ပထမဆုံး အမျိုးသမီး သမ္မတဖြစ်လာတော့မယ့် Sheinbaum

0
792

ရာထူးနုတ်ထွက်ရတော့မယ့် မက္ကဆီကိုနိုင်ငံရဲ့ လူကြိုက်များ သမ္မတ အန်ဒရက်စ် မန်နျူလ် လိုပက် အိုဘရာဒါရဲ့ လက်ရင်းတပည့်ဖြစ်ကာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ Claudia Sheinbaum ဟာ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ခဲ့မှုနဲ့အတူ တိုင်းပြည်ရဲ့ ပထမဆုံး အမျိုးသမီး သမ္မတဖြစ်လာတော့မယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲ အာဏာပိုင်အဖွဲ့ရဲ့ ကနဦး မဲရလဒ်တွေအရ မက္ကဆီကိုစီးတီး မြို့တော်ဝန်ဟောင်းဖြစ်သူ Sheinbaum(၆၁ နှစ်) ဟာ မက္ကဆီကိုရဲ့ ဒီမိုကရေစီသမိုင်းမှာ အမြင့်ဆုံး မဲရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့တယ်လို့ ဆိုပါတယ်။ ဆန္ဒမဲ ၈၂ ရာခိုင်နှုန်းအထိ ရေတွက်ပြီးချိန်မှာ သူမက ၅၈.၈ ရာခိုင်နှုန်းရရှိထားခဲ့ပါတယ်။

၂၀၀၇ ခုနှစ်က ငြိမ်းချမ်းရေးနိုဗယ်ဆု လက်ခံရရှိခဲ့တဲ့ ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်အဖွဲ့မှာ ပါဝင်ခဲ့တဲ့ ရူပဗေဒပညာရှင်ဖြစ်သူ Sheinbaum ရဲ့ တနင်္ဂနွေညပိုင်းက အောင်ပွဲခံမိန့်ခွန်းမှာ လိုပက် အိုဘရာဒါကို ကျေးဇူးတင်ကြောင်းနဲ့ သူဟာ မက္ကဆီကိုနိုင်ငံကို ပိုမိုကောင်းမွန်အောင် ပြုပြင်ပြောင်းလဲပေးခဲ့တဲ့ စံပြအမျိုးသားတစ်ဦးဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မဟာပုရိသဝါဒယဉ်ကျေးမှုနဲ့ ကမ္ဘာ့ဒုတိယမြောက်အကြီးဆုံး ရိုမန်ကက်သလစ်ဘာသာဝင်ဦးရေရှိတဲ့နိုင်ငံဖြစ်သောမက္ကဆီကိုအတွက် ဒီအရွေ့ဟာကြီးမားတဲ့ ခြေလှမ်းတစ်ခုလို့ ရှုမြင်ကြပါတယ်။

မြောက်အမေရိကဒေသရဲ့ အထွေထွေ ရွေးကောက်ပွဲတစ်ခုမှာ အနိုင်ရရှိခဲ့တဲ့ ပထမဆုံး အမျိုးသမီးလည်းဖြစ်ပါတယ်။

သို့ပေမယ့် သူမပါတီရဲ့ နိုင်ပွဲက အလွန်ကြီးမားတာကြောင့် အာဏာရညွှန့်ပေါင်းအနေနဲ့ ကွန်ဂရက်မှာ အမတ်နေရာ အလွန်အကျွံရရှိစေပြီး စွမ်းအင်ကဏ္ဍလို အငြင်းပွားဖွယ် အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို အစစ်အဆေးအနှောင့်အယှက်မဲ့ ကျော်ဖြတ်သွားနိုင်တဲ့အရေး စိုးရိမ်မှုတွေကြောင့် ဈေးကွက်တွေ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။

Ref: Aol


LEAVE A REPLY

Please enter your comment!
Please enter your name here