ဗလမင်းထင်တံတားအတက်တွင် ကားနှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင် တို-က်မိပြီး ဆိုင်ကယ်မောင်းနှင်သူ စိုးရိမ်ဒဏ်ရာများ ရရှိ

0
342

မြစ်ကြီးနားမြို့ ၊ ဗလမင်းထင်တံတား ကုန်းအတက်တွင် ယမန်နေ့ ဇွန်(၃) ရက် ညနေပိုင်းက ကားတစ်စီး(ဒေသအခေါ် တုံဖုံ)နှင့် ဆိုင်ကယ်တစ်စီးတို့ မျက်နှာချင်းဆိုင်တို-က်မိခဲ့ရာ ဆိုင်ကယ်စီးနင်းသူ နှစ်ဦးအနက် တစ်ဦးမှာ စိုးရိမ်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသတွင်းလူမှုကယ် ဆယ်ရေးအသင်း ပြောခွင့်ရသူတစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တို-က်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူအမျိုးသားမှာ ဖြစ်စဉ်နေရာတွင် သတိလစ်မေ့မျောကာ နံရိုးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နောက်မှ စီးနင်းသူ အမျိုးသမီးမှာ လက်ဖျံရိုးကျိုး ဒဏ်ရာအပြင် အခြားပွန်းပဲ့ဒဏ်ရာများလည်းရရှိခဲ့ကြောင်း သိရသည်။

“ကားအောက်ကို ဆိုင်ကယ်ဝင်သွားတာ။ အမျိုးသားကတော့ ကျွန်တော်တို့ ရောက်တဲ့အချိန် မေ့နေပြီး နံရိုးပြင်းပြင်းထန်ထန်ထိထားတဲ့ပုံပဲ။ စိုးရိမ်ရတယ်။ အမျိုးသမီးကတော့ လက်ဖျံရိုး အက်သွားသလား၊ ကျိုးသလားတော့မသိဘူး၊ ‌လိုအပ်တဲ့ အရေးပေါ်ဆေးဝါး ကုသမှုလုပ်ပြီး ဆေးရုံကို ပို့ခဲ့လိုက်ပါတယ်”ဟု ၎င်းက ရှင်းပြသည်။

ဖြစ်စဉ်အတွင်း တုံဖုံမောင်းနှင်သူ ယာဉ်မောင်းအား တံတား လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့က အရေးယူထားရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ နှစ်ဦးကို မြစ်ကြီးနားဆေးရုံကြီးသို့ ပို့ ဆောင်ထားရှိကြောင်း သိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အတွင် ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ‌ဇွန် (၃)ရက်အထိ ယာဉ်တို-က်မှုဖြစ်စဉ် (၄၀)နီး ပါးခန့် ဖြစ်ပွားခဲ့ပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here