ယခု ရက်သတ္တပတ်အတွင်း Covid-19 အတည်ပြုလူနာ (၆၉) ဦးတွေ့ရှိ၊ ရန်ကုန်တိုင်းအတွင်း အများဆုံးဖြစ်နေ

0
102

နိုင်ငံတစ်ဝန်း ယခုရက် သတ္တပတ်အတွင်း ကိုဗစ်အတည်ပြုလူနာ ဦးရေမှာ (၆၉)ဦးအထိ တွေ့ရှိခဲ့ပြီး ယင်းအနက် ရန်ကုန်တိုင်းအတွင်း အများဆုံးတွေ့ရှိရသည်ဟု ကိုဗစ်-၁၉ ရောဂါ ကာကွယ် ၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ အသိပေးချက်အရ သိရသည်။

အဆိုပါ အတည်ပြုလူနာ (၆၉)ဦးမှာ ယခုနှစ် မေလ (၂၆) ရက်မှ ဇွန်လ(၂)ရက်အထိ ရက်သတ္တပတ်အတွင်း တွေ့ရှိသည့် အရေအတွက်ဖြစ်သည်။

ကိုဗစ် – ၁၉ ရောဂါ ကာကွယ် ၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ အသိပေးချက်တွင် ရန်ကုန်တိုင်းအတွင်း (၄၄) ဦး၊ တနင်္သာရီတိုင်းအတွင်း (၁၀)ဦး၊ ပဲခူး တိုင်း(၃)ဦး၊ နေပြည်တော်ကောင်စီနယ်မြေ (၃)ဦး၊ ဧရာဝတီတိုင်း(၃)ဦး၊ ကချင်ပြည်နယ် (၂)ဦး၊ စစ်ကိုင်းတိုင်း (၁)ဦး၊ မကွေးတိုင်း (၁)ဦး၊ ရခိုင်ပြည်နယ်အတွင်း (၁)ဦး စုစုပေါင်း(၆၉)ဦးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်တွေ့ရှိသည့် လူနာ(၄၄) ဦးအနက် မင်္ဂလာဒုံမြို့နယ်အတွင်း အများဆုံးဖြစ်ကာ (၁၆) ဦးအထိ တွေ့ရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သောလ မေ(၁၉)ရက်မှ မေ(၂၆) ရက်အထိ ကိုဗစ်လူနာတွေ့ရှိမှုသည် (၇၄)ဦးတွေ့ရှိခဲ့ပြီး ယခု ရက်သတ္တပတ်အတွင်းတွေ့ရှိမှုမှာ ကျဆင်းခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here