ရွေးကောက်ပွဲအလွန်တွင်အိန္ဒိယနှင့်ရင်းနှီးသည့်ဆက်ဆံမှု ဆက်လက်ပြုလုပ်နိုင်ရန်မျှော်လင့်–အမေရိက

0
155

ဝါရှင်တန်၊ဇွန် ၄

အိန္ဒိယနိုင်ငံ၌ အ‌ထွေထွေရွေးကောက်ပွဲပြီးဆုံးသွားပြီးနောက် နှစ်နိုင်ငံအကြား လူ့အခွင့်အရေးဆိုင်ရာဆွေးနွေးမှုများနှင့် နီးနီးကပ်ကပ်ဆက်ဆံမှုများကို ဆက်ရှိနေမည်ဟုမျှော်လင့်ကြောင်း အမေရိကန်ပြည်ထောင်စုက ဇွန်လ ၄ ရက်နေ့ကပြောကြားခဲ့သည်။

“အမေရိကနဲ့အိန္ဒိယကြား ဆက်လက်ပြီး နီးကပ်တဲ့ မိတ်ဖက်ဆက်ဆံရေးပြုလုပ်ဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်၊အစိုးရအချင်းချင်းမှာရော ပြည်သူအချင်းချင်းမှာပါ ကောင်းမွန်တဲ့မိတ်ဖက်ဆက်ဆံရေးရှိတာကြောင့် ဆက်ပြီးအကောင်အထည်ဖော်နိုင်ဖို့လည်းအပြည့်အဝ မျှော်လင့်ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က ဝန်ကြီးချုပ်မိုဒီ၏အမေရိကခရီးစဉ်အတွင်း၌လည်း နှစ်နိုင်ငံသည် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊အရေးပါသည့်သတ္တုများ၊နည်းပညာ၊ ကာကွယ်ရေးနှင့် အာကာသပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များစွာကိုလည်းထုတ်ပြန်ကြေငြာခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here