တရုတ်ကမ်းခြေစောင့်တပ်ကို မိမိတို့တပ်ဖွဲ့ဝင်များက ‌ေ-သနတ်နဲ့ ချိန်ခဲ့ခြင်း မရှိဟု ဖိလစ်ပိုင် ငြင်းဆို

0
164

အငြင်းပွားတောင်တရုတ်ပင်လယ်ရှိ သန္တာကျာက်တန်းတစ်ခုပေါ်မှာ အခြေစိုက်ထားတဲ့ စစ်သင်္ဘောပေါ်က ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေဟာ တရုတ်ကမ်းခြေစောင့်တပ် ရေယာဉ်တွေ စစ်သင်္ဘောနား အလွန်နီးကပ်စွာ ခုတ်မောင်းလာချိန်မှာ ‌ေ-သနတ်တွေကို အသင့်ကိုင်ဆောင်မှုလုပ်ခဲ့ကြပေမယ့် ကမ်းခြေစောင့်တပ်ရှိရာကို ‌ေ-သနတ်တွေနဲ့ ချိန်ရွယ်ခဲ့တာမျိုးတော့ မရှိခဲ့ဘူးလို့ ဖိလစ်ပိုင်စစ်ဘက်တာဝန်ရှိသူတွေက အင်္ဂါနေ့(ဇွန် ၄) မှာ ပြောဆိုခဲ့ပါတယ်။

စစ်သင်္ဘောပေါ် တပ်စွဲထားတဲ့ ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေထံ မေလ ၁၉ ရက်က ရိက္ခာပို့မစ်ရှင်တစ်ခုအတွင်း ယင်းအဖြစ်အပျက် ဖြစ်ပွားခဲ့တာလို့ စီစီတီဗီသတင်းဋ္ဌာနက ဖော်ပြခဲ့တဲ့အပေါ် ဖိလစ်ပိုင် လက်နက်ကိုင်တပ် ဦးစီးချုပ် ရိုမီယို ဘရောင်နာက ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

စစ်သင်္ဘော BRP Sierra Madre နားမှာ ထိပ်တိုက်တွေ့ခဲ့မှုအတွင်း ဖိလစ်ပိုင်တပ်ဖွဲ့ဝင် အနည်းဆုံး ၂ ယောက်လောက်က သူတို့ရဲ့ ကမ်းခြေစောင့်တပ်ဘက်ကို ‌ေ-သနတ်တွေနဲ့ ချိန်ခဲ့တယ်လို့ စီစီတီဗီက ဖော်ပြခဲ့ပါတယ်။ မနီလာဟာ Second Thomas Shoal သောင်ခုံကျောက်တန်းပေါ်မှာ ယင်း စစ်သင်္ဘောကို အခြေချထားခဲ့ကာ ၁၉၉၉ ခုနှစ်မှာ အစောင့်တပ်တစ်ခုသဖွယ် ပြောင်းလဲအသုံးချခဲ့တာဖြစ်ပါတယ်။

“သူတို့က အရမ်းနီးကပ်လာလို့ တစ်ခုခုဖြစ်လာရင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်တဲ့ အနေအထားမျိုးသာလုပ်ခဲ့တာပါ” လို့ ဘရောင်နာက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောဆိုခဲ့ပြီး တရုတ်ကမ်းခြေစောင့်တပ်ရဲ့ လုပ်ရပ်ကို ရန်စတဲ့ လုပ်ရပ်အဖြစ်လည်း မှတ်ချက်ပြုသွားခဲ့ပါတယ်။

တရုတ်ကမ်းခြေစောင့်တပ်ရဲ့ အမြန်ရေယာဉ်တွေဟာ စစ်သင်္ဘောနဲ့ ၅ မီတာ ၁၀ မီတာ အကွာလောက်အထိ ရောက်ရှိလာပြီး တပ်ဖွဲ့ဝင်တွေအတွက် လေကြောင်းကချပေးခဲ့တဲ့ ရိက္ခာထုပ်အချို့ကို သိမ်းယူခဲ့ကြတယ်လို့ ဖိလစ်ပိုင် စစ်ဘက်အရာရှိတွေက ပြောဆိုပါတယ်။ ဒီလုပ်ရပ်ဟာ လက်ခံနိုင်ဖွယ်ရာမရှိတဲ့ တရားမဝင်လုပ်ရပ်ဖြစ်တယ်လို့လည်း သူတို့က ပြောဆိုခဲ့ပါတယ်။

သန္တာကျောက်တန်းပေါ်မှာ ရည်ရွယ်ချက်ရှိရှိ အခြေချထားခဲ့တဲ့ ဒုတိယကမ္ဘာစစ်ကာလ Sierra Madre စစ်သင်္ဘောဟာ ဖိလစ်ပိုင် ရေတပ်ရဲ့ တာဝန်ကျသင်္ဘောတစ်စီးဖြစ်ပြီး လက်နက်တပ်ဆင်ပိုင်ခွင့်ရှိတယ်လို့ ဘရောင်နာက ပြောဆိုပါတယ်။

မိမိတို့အနေနဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိကြောင်းနဲ့ ဖိလစ်ပိုင်ဟာ ယင်းဒေသမှာ မိမိတို့ရဲ့ အချုပ်အခြအာဏာအတွက် ဆက်လက်အခိုင်အမာ ရပ်တည်သွားမှာဖြစ်တယ်လို့လည်း သူက ပြောဆိုသွားခဲ့ပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here