ယူကရိန်းသို့ များပြားလှသော လက်နက်များ ပို့ဆောင်မှုဆိုင်ရာ ကြေငြာချက်များပေါ်ထွက်လာရန် အမေရိကန်မျှော်လင့်

0
161

လာမည့်သီတင်းပတ်များအတွင်း ယူကရိန်းသို့ ကြီးမားသော လက်နက်သစ်များ တင်ပို့ရောင်းချမှုဆိုင်ရာ ကြေညာချက်များ ထွက်ပေါ်လာရန်ကို အမေရိကန် အစိုးရက မျှော်လင့်ထားကြောင်း အိမ်ဖြူတော် အမျိုးသား လုံခြုံရေး အကြံပေး ဂျိတ်ဆူလီဗန် က ယနေ့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

“လွတ်လပ်တဲ့ကမ္ဘာဖြစ်တဲ့ ယူကရိန်းကို ထောက်ခံနေတဲ့နိုင်ငံတွေက ထပ်လောင်းအတည်ပြုရုံသာမက အဲဒီထောက်ခံမှုကို နှစ်ဆတိုးဖို့ လိုအပ်တယ်လို့ ကျွန်တော်ထင်တယ်၊ အဲဒီအပိုင်းမှာ တကယ့်ပစ္စည်းတွေ၊ မြင်သာထင်သာရှိတဲ့ စွမ်းရည်တွေကို ယူကရိန်းကို ပေးဆောင်နေတယ်ဆိုတာ သေချာစေတယ်။ သေချာဖို့လဲ လိုအပ်ပါတယ်” ဟု ဂျိတ်ဆူလီဗန် က ပြောကြားခဲ့သည်။

“လာမယ့် သီတင်းပတ်တွေအတွင်း ယူကရိန်းကို သိသိသာသာ စွမ်းဆောင်နိုင်မှု ပေးဆောင်မယ့် ကြေညာချက်တွေ ထုတ်ပြန်နိုင်ကြမယ်လို့ ထင်ပါတယ်” ဟု သူက ပြောကြားခဲ့သည်။

ဧပြီလနှောင်းပိုင်းတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ယူကရိန်း၊ အစ္စရေးနှင့် ထိုင်ဝမ်တို့အား လက်နက်များ ပြန်လည်ပေးအပ်ရန် အမေရိကန်ကွန်ဂရက်မှ အတည်ပြုထားသော ဥပဒေကြမ်းတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ ပက်ကေ့ချ်သည် စုစုပေါင်း ဒေါ်လာ ၉၅ ဘီလီယံ တန်ဖိုးရှိရာ ယူကရိန်း အတွက် ဒေါ်လာ ၆၁ ဘီလီယံ ပါဝင်သည်။

အဆိုပါ ဥပဒေကြမ်းများကို သမ္မတက လက်မှတ်ရေးထိုးပြီးနောက် ချက်ခြင်းပင် ပင်တဂွန်က ယူကရိန်းသို့ ဒေါ်လာတစ်ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ ပေးပို့မည်ဟု ကြေညာခဲ့သည်။ ထို့နောက် အမေရိကန်သည် ယူကရိန်းသို့ ဒေါ်လာသန်း ၄၀၀ တန်သည့် လက်နက်များ ခွဲဝေပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here