ကလေးမြို့တွင် ငွေကျပ် ၂ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၅၅ ကီလို ဖမ်းဆီးရမိ

0
132

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် (၆) ဘီး ယာဉ်ဖြင့် သယ်ဆောင်လာသည့် ငွေကျပ် ၂ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၅၅ ကီလို ဖမ်းဆီးရမိခဲ့ပြီး အမှုတွင် ဆက်စပ်ပါဝင်သူများ၏ ငွေကြေးအကျိုး အမြတ်များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေအရ ဆက်လက်အရေးယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို၊ ကွန်ပျူတာ တက္ကသိုလ်ရှေ့၊ ကလေး-ကလေးဝသွား ကားလမ်းတွင် မေလ (၃၁) ရက် ညနေ (၅) နာရီအချိန်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ မူးယစ်ဆေးဝါးသတင်းအရ ဝင်းအောင်ထွန်း မောင်းနှင်ပြီး တင်မောင်လှ လိုက်ပါလာသည့် MITSUBISHI FUSO (၆) ဘီး Container Box မော်တော်ယာဉ်ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ရှာဖွေရာ ယာဉ်ပေါ်မှ ပလတ်စတစ်ဆပ်ပြာခွက် ၅,၅၀၀ ခွက်ဖြင့် ထည့်ထားသည့် ဒေသကာလတန်ဖိုးငွေကျ ပ် ၂ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၅၅ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

၎င်းတို့ကို စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ သယ်ဆောင် ရောင်းဝယ်ခြင်း ဖြစ်ကြောင်းသိရပြီး သိမ်းဆည်းရမိ ဘိန်းဖြူများ တာဝန်ခံ သယ်ဆောင်သူများဖြစ်သည့် သော့နေလွယ်(ခ)ပါးလွယ်နှင့် ဇနီးဖြစ်သူ မအေးအေးမြင့်တို့ အပါအဝင် ဝင်းအောင်ထွန်းနှင့် တင်မောင်လှတို့အား ဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ထားသည်။

ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင် ဆက်စပ်ပါဝင်သူများ၏ ငွေကြေးအကျိုး အမြတ်များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေအရ ဆက်လက်အ ရေးယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here