ကိုဗစ်-၁၉ ချေးငွေ အတိုး/အရင်း အမြန်ဆုံးပေးဆပ်ရန် အသိပေး

0
376

ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားပြီး အတိုး/အရင်း ပေးဆပ်ရန် ကျန်ရှိနေသော လုပ်ငန်းများအနေဖြင့် ချေးငွေများ အမြန်ဆုံးပေးဆပ်ရန် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အသိပေးကြေညာထားသည်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများအား ချေးငွေသက်တမ်း (၁) နှစ် (အတိုးနှုန်း ၁ %) ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ စတင်၍ ချေးငွေများ ထုတ်ချေးပေးထားခြင်းဖြစ်သည်။

အဆိုပါ ချေးငွေသက်တမ်း (၁) နှစ် ပြည့်မြောက်ခဲ့ပြီးနောက် ပထမအကြိမ် (၆) လ၊ ဒုတိယအကြိမ် (၆) လ နှင့် တတိယအကြိမ် (၁) နှစ်နှင့် စုစုပေါင်း (၃) နှစ်အထိ ချေးငွေသက်တ မ်းများ တိုးမြှင့်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယခုအခါ ချေးငွေသက်တမ်း (၃) နှစ် ပြည့်မြောက်ကျော်လွန်ခဲ့ပြီးဖြစ်သဖြင့် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေပြန်လည်ပေးဆပ်ရန် တာဝန်ကျန်ရှိနေသည့် ကုမ္ပဏီ/ လုပ်ငန်းများအနေဖြင့် ချေးငွေ အတိုး/ အရင်းများကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁) ရက်မတိုင်မီ အမြန်ဆုံး အပြေအကျေ ပြန်လည်ပေးဆပ်ရန် အသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here