ဗဟိုဘဏ်အနေဖြင့် ပြည်သူများ၏ အပ်နှံငွေများကို အပြည့်အဝ အကာအကွယ်ပေးထားဟုဆို

0
252

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ပြည်သူများ၏ အပ်နှံငွေများကို အပြည့်အဝ အကာအကွယ်ပေးထားကြောင်း ဇွန်လ (၅) ရက်တွင် ထပ်မံအသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ဘဏ်များအား ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ကြပ်မတ်ကွပ်ကဲလျက်ရှိကြော င်း သိရသည်။

ထို့ပြင် ဘဏ်များသည်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်နှင့်အညီ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဖြစ်သော စုဆောင်းအပ်နှံငွေအမျိုးမျိုး လက်ခံပြီး၊ နိုင်ငံတော်၏စီးပွားရေးအတွက် အရေးကြီးကဏ္ဍများကို ချေးငွေ အမျိုးမျိုး ထုတ်ချေးခြင်း၊ ဒစ်ဂျစ်တယ်နည်းလမ်းများဖြင့် ငွေကြေးဝန်ဆောင်မှုများ ဆောင်ရွက်ခြင်း၊ ကုန်သွယ်ရေးကဏ္ဍအတွက် ငွေကြေးထောက်ပံ့ခြင်း၊ MSMEs လုပ်ငန်းများကို ငွေကြေးထောက်ပံ့ခြင်း၊ နိုင်ငံတကာဘဏ်များနှင့် ငွေပေးချေမှုများဆောင်ရွက်ခြင်းစသည့် ဘဏ်ဝန်ဆောင်မှုများစွာ ပံ့ပိုးပေးလျက်ရှိကြောင်းကို ပြည်သူများ စိုးရိမ်မှုမရှိစေရန် မကြာခဏ ထုတ်ပြန်ပေးနေကြောင်း သိရသည်။

ထိုသို့ အဖျက်သမားများက အစိုးရနှင့် အများပြည်သူအကျိုးစီးပွား ထိခိုက်စေရန် ရည်ရွယ်၍ မကြာခဏ ရေးသားဖြန့်ဝေနေသော လူမှုကွန်ယက်စာမျက်နှာများကို လက်ခံယုံကြည်ခြင်းမရှိရန်နှင့် စိုးရိမ်ပူပန်စရာမလိုကြောင်း ပြည်သူလူထုအနေဖြင့်လည်း အဖျက်သမားမီဒီယာများ၊ အဖျက်သမားအုပ်စုများကို ဝိုင်းဝန်းတိုက်ဖျက်ရန်ဖြစ်ကြောင်း အသိပေးထားသည်။

သို့ပါ၍ ပြည်သူများအနေဖြင့် အဖျက်သမားများ၏ လှုံ့ဆော်ရေးသားမှု၊ ပြောကြားမှုများကို စိုးရိမ်စရာမလိုဘဲ ဘဏ်များအပေါ် ယုံကြည်စိတ်ချစွာဖြင့် ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ရယူသုံးစွဲနိုင်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်သူများ၏ အပ်နှံငွေများကို အပြည့်အဝ အကာအကွယ်ပေးထားကြောင်း ထပ်မံအသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here