ဗြိတိန်နိုင်ငံရေး ပါတီခေါင်းဆောင်တစ်ဦးကို ဖျော်ရည်နဲ့ ပက်ခဲ့တဲ့ အမျိုးသမီး တရားစွဲခံရ

0
147

ရွေးကောက်ပွဲ မဲဆွယ်အခမ်းအနားတစ်ခုအတွင်း ဗြိတိန်ရဲ့ ပြုပြင်ပြောင်းလဲရေးပါတီတစ်ခုဖြစ်တဲ့ Reform UK ပါတီခေါင်းဆောင် မစ္စတာ နီဂယ် ဖာရက်ကို မစ်ရှိတ်တွေနဲ့ ပက်ခဲ့မှုအတွက် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ထိခိုက်နာကျင်စေမှုနဲ့ တရားစွဲလိုက်ကြောင်း သိရပါတယ်။

မစ္စတာ ဖာရက်ဟာ အင်္ဂလန်အရှေ့တောင်ပိုင်းရှိ Clacton-on-Sea မြို့ကနေ ပါလီမန် အမတ်နေရာအတွက် ရွေးကောက်ခံမယ့်သူဖြစ်ပြီး အမျိုးသမီးက အနီးကပ်အနေအထားနဲ့ သူ့မျက်နှာကို ဖျော်ရည်တွေနဲ့ ပက်ခဲ့တာဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာမှာ တင်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုအရ သူဟာ ဒဏ်ရာအနာတရဖြစ်တာမျိုးတော့ မတွေ့ရဘဲ အခင်းဖြစ်ပြီးပြီးချင်းမှာ ရယ်မောနေခဲ့ပါတယ်။ ပက်ခဲ့တဲ့ အမျိုးသမီးကို ဇူလိုင် ၂ ရက်နေ့မှာ ရုံးထုတ်သွားမှာဖြစ်တယ်လို့ ဇွန် ၅ ရက် ရဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမျိုးသမီးက သူ့အပြစ်ကို ဝန်ခံခဲ့ပြီးနောက် မစ္စတာ ဖာရက်ရဲ့ အကျီင်္ပြန်လျှော်ဖို့ရာ အခကြေးငွေပေးဆောင်စေဖို့ ညွှန်ကြားခဲ့တယ်လို့လည်း သိရပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here