ဂါဇာ၌ စွန့်ပစ်အမှိုက်များကြောင့် ကူးစက်ရောဂါများဖြစ်လာနိုင်ဟုဆို

0
293
A Palestinian youth pushes a bicycle past a garbage dump at al-Maghazi refugee camp in the central Gaza Strip on June 5, 2024, amid the ongoing conflict between Israel and the Palestinian militant group Hamas. - Israel's military pounded central Gaza with heavy air strikes on June 5 as international talks to secure a truce and hostage release deal resumed. (Photo by Eyad BABA / AFP)

မက်ဒရစ်၊ဇွန် ၆

ဂါဇာကမ်းမြောင်ဒေသသည် စစ်ဘေးသင့်မှုကြောင့် စားနပ်ရိက္ခာနှင့်သောက်သုံးရေပြတ်လပ်မှုများဖြစ်ပေါ်နေသည့်အခြေအနေ၌ပင် စွန့်ပစ်အမှိုက်များကိုမသိမ်းဆည်းနိုင်ခြင်းကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုများသည် လာမည့်နွေရာသီမှစ၍ ဖြစ်ပေါ်လာနိုင်ကြောင်း Action Against Hunger အဖွဲ့ကပြောကြားခဲ့သည်။

ကမ်းမြောင်ဒေသတစ်ဝိုက် အမှိုက်များ တောင်ပုံယာပုံဖြစ်နေခြင်းက တစ်ကိုယ်ရေကျန်းမာ‌ရေးနှင့် မိလ္လာစနစ်အတွက် ပြဿနာများစွာဖြစ်စေမည်ကိုစိုးရိမ်မိကြောင်းတာဝန်ရှိသူတစ်ဦးကဆိုသည်။

အပူချိန်မြင့်တက်လာချိန်၌ ထိုအမှိုက်များမှဖြစ်ပေါ်လာမည့်ဆိုးကျိုးများကြောင့် ဂါဇာကမ်းမြောင်၌ ယခင်ကမရှိခဲ့ဖူးသည့် ရောဂါများလည်းဖြစ်ပေါ်လာနိုင်ပြီး ဒေသခံပြည်သူတစ်ရပ်လုံး ကူးစက်ခံရမည်ကို အထူးစိုးရိမ်မိသည်ဟုလည်းဆိုသည်။

အောက်တိုဘာ ၇ ရက်၌ ဟားမတ်စ်တို့က တိုက်ခိုက်ပြီးနောက် အစ္စရေးဘက်မှ လူပေါင်း ၁,၂၀၀ ခန့်‌ေ-သဆုံးကာ နောက်ထပ် ၂၅၀ ခန့်ကို ‌ေ-သနတ်သမားများက ပြန်ပေးဆွဲခဲ့ပြီးနောက် အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသအများအပြားတွင် အမှိုက်များကို စွန့်ပစ်ခဲ့သည်ဟု အစ္စရေး၏ထုတ်ပြန်မှုစာရင်းများအရသိရသည်။

ထိုဖြစ်စဉ်အတွက် အစ္စရေး၏ လက်တုန့်ပြန်ထိုးစစ်ကြောင့် ပါလက်စတိုင်း ၃၆,၅၀၀ ကျော် ‌ေ-သဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးတာဝန်ရှိသူများကပြောကြားခဲ့သည်။

ထို့ပြင် ဂါဇာကို အစ္စရေးတပ်များက ဝိုင်းပတ်ပိတ်ဆို့ထားသဖြင့် အထောက်အပံ့ပစ္စည်းများသည် ဂါဇာသို့ရောက်ရန်ခက်ခဲနေပြီး ဒေသခံအချို့သည် ယခုအခါ အသက်ရှင်သန်ရေးအတွက် တိရစ္ဆာန်အစာများကိုစားကာ ရေဆိုးများကိုသောက်သုံးရသည့်အခြေအနေဆိုက်နေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဒေသဆိုင်ရာအကြီးအကဲကပြောကြားခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here