ထားဝယ်မြို့ရှိ စာသင်ကျောင်း၌ ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုအတွင်း အသက်ဆုံးရှုံးခဲ့သည့် မူလတန်းကျောင်းသားအား ယနေ့ သင်္ဂြိုလ်

0
231

တနင်္သာရီတိုင်း ၊ ထားဝယ်မြို့ ၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်းကျောင်းတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုအတွင်း အသက်ဆုံးရှုံးခဲ့ရသည့် အသက်(၉)နှစ်အရွှယ် တတိယတန်းကျောင်းသား မောင်ထက်မြတ်အောင်အား ယနေ့ ဇွန် (၆) ရက်၌ ဘာသာပေါင်းစုံသုဿန်တွင် မီးသဂြိုဟ်သွားမည်ဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံက သိရသည်။

ယခုလ ဇွန် (၄)ရက်၊ နေ့လယ်(၁၂)နာရီခွဲ အချိန်က အိမ်ရှေ့ပြင်ရပ်ကွက် မူလတန်းကျောင်းဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အသက် (၉)နှစ်အရွယ်၊ တတိယတန်းကျောင်းသား မောင်ထက်မြတ်အောင် ‌ေ-သဆုံးခဲ့ပြီး နောက်ထပ် ကျောင်းသူ(၁၅)ဦးနှင့် ကျောင်းသား (၁၀)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်။

“မီးသင်္ဂြိုလ်ပြီးသွားပါပြီ။ ရပ်ရွာနေပြည်သူတွေနဲ့ ကျောင်းက ဆရာ ဆရာမအချို့လိုက်ပို့ပါတယ်။ က-လေ-းက ဒီလိုဖြစ်ရမယ့် ကံပါလာတယ်လို့ပဲ ပြောရမှာပေါ့” ဟု ဒေသခံတစ်ဦးကပြောသည်။

လက်ရှိတွင် ဒဏ်ရာရရှိသည့် ကျောင်းသားကျောင်းသူများအား ထားဝယ်မြို့နယ် ၊ ပြည်သူ့ဆေးရုံကြီးနှင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မူလတန်းကျောင်းအနီးရှိ တပ်မတော် ဆေးရုံတို့တွင် အသီးသီးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံရေးပါတီ (၂၀)ပါတီက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဇွန်(၅)ရက်က ပူးတွဲသဘောထား ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here