နိုင်ငံ့ဂုဏ်ဆောင် ရွှေခေတ်လက်ရွေးစင်ကစားသမားကြီးများအား ရာသက်ပန်ထောက်ပံ့ငွေ ပေးအပ်သွားမည်

0
310

နိုင်ငံ့ဂုဏ်ဆောင် ရွှေခေတ်လက်ရွေးစင်ကစားသမားကြီးများအား ရာသက်ပန်ထောက်ပံ့ငွေ ပေးအပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)ထံမှ သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် အာရှချန်ပီယံ ဖြစ်ခဲ့ဖူးသူ (၁၁)ဦးအား တစ်ဦးလျှင် လစဉ် (၃)သိန်းကျပ်နှုန်း၊ အရှေ့တောင်အာရှ ချန်ပီယံ ဖြစ်ခဲ့ဖူးသူ (၁၂)ဦးအား တစ်ဦးလျှင် လစဉ်(၁)သိန်းကျပ်နှုန်းဖြင့် ရာသက်ပန် ထောက်ပံ့သွားမည်ဖြစ်သည်။

အဆိုပါ ရာသက်ပန် ထောက်ပံ့ငွေ ပေးအပ်မှုကို ဧရာဝတီဖောင်ဒေးရှင်းမှ ဂုဏ်ပြုထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပေးအပ်ပွဲအား ယမန်နေ့ ဇွန်(၅) ရက်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ရွှေခေတ် လက်ရွေးစင် ကစားသမားကြီးများ၊ ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here