လာအိုတွင် အထောက်အထားမဲ့ မြန်မာလုပ်သားများ ဆက်တိုက်ဖမ်းဆီးခံနေရသည့်အတွက် သတိထားနေထိုင်ကြရန် သတိပေးထား

0
218

ဧပြီလဆန်းပိုင်းမှ စတင်၍ လာအိုတွင် အထောက်အထားမဲ့မြန်မာလုပ်သားများ ဆက်တိုက်ဖမ်းဆီးခံနေရသည့်အတွက်သတိပြုနေထိုင်ကြရန် လာအို‌ရောက်မြန်မာအချင်းချင်းသတိပေးထားကြသည်။

မြန်မာလုပ်သားများ ရှိနိုင်မည့် နေရာများကို လာအိုရဲနှင့် လဝကမှ ပူးပေါင်း၍ စစ်ဆေးဖမ်းဆီးမှုများရှိလာကြောင်း သိရသည်။

” မြန်မာတွေရှိနိုင်တဲ့နေရာတွေကို လိုက်စစ်ဆေးတယ်။ အထောက်အထားပြနိုင်တဲ့ သူကလွတ်တယ်။ မပြနိုင်တဲ့သူတွေက ရှောင်နေရတယ်။ သင်္ကြန်မတိုင်ခင်ကတည်းက တောက်လျှောက်ဖမ်းနေတာ။ ဒီနောက်ပိုင်းပိုဆိုးလာတယ်”ဟု လာအိုနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးကပြောသည်။

လာအိုနိုင်ငံတွင် မြန်မာလုပ်သားများသည် ဆောက်လုပ်ရေးလုပ်ငန်းနှင့် ကာစီနိုဆိုင်များတွင် အများဆုံးလုပ်ကိုင်နေကြခြင်းဖြစ်ပြီး ပြီးခဲ့သည့် သင်္ကြန်ကာလမတိုင်ခင်ကစ၍ မြန်မာလုပ်သား ရာနှင့်ချီဖမ်းဆီးခံရမှုများ ရှိနေခြင်းဖြစ်သည်။

ပြည်တွင်း၌ လုပ်ခလစာနည်းပါးခြင်းကြောင့် မြန်မာလုပ်သားများသည် လာအိုနိုင်ငံအပါဝင် ထိုင်းနိုင်ငံနှင့်မလေးရှားနိုင်ငံတို့တွင် တရားမဝင်သွားရောက်လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here