ဂျပန် – မြန်မာ ပထမပိုင်းပွဲချိန်အပြီးတွင် ဂျပန်အသင်းမှ (၂)ဂိုးသွင်းယူထား

0
56

ယနေ့ ဇွန်(၆)ရက် ညနေ (၆)နာရီ မိနစ် (၄၀)အချိန်ကစတင်ပြီး ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားနေသည့် ဂျပ န် – မြန်မာ လက်ရွေး စင်အသင်းတို့ ‌ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပထမပိုင်းပွဲချိန်အပြီးတွင် ဂျပန်အသင်းက မြန်မာအသင်းအား (၂)ဂိုးသွင်းယူ ထားသည်။

မြန်မာအသင်းအနေဖြင့် ပွဲစဉ် ပထမပိုင်းအချိန်တွင် အသင်းခေါင်းဆောင်မောင်မောင်လွင် ဦးဆောင်၍ လတ်ဝေဖြိုး၊
စိုးမိုးကျော် ၊ကျော်မင်းဦး၊ လွင်မိုးအောင် ၊ ဥက္ကာနိုင်၊ မောင်မောင်လွင် (အသင်းခေါင်းဆောင်)၊ နေမိုးအောင်၊ ဝေလင်းအောင်၊ ဇွဲထက်မင်း၊ ထက်နှင်းစိုး ကျော်ဇင်ဖြိုး(ဂိုး)တို့ပွဲထွက်ကစားခဲ့ကြသည်။

ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမပိုင်းရလဒ် အနေဖြင့် ဂျပန်အသင်းဘက်မှ နာကာမူရ က ပွဲချိန်(၁၈) မိနစ်တွင် တစ်ဂိုး၊ ဒိုအန် ကပွဲချိန်(၃၆) မိနစ်တွင် (၁)ဂိုးစီ သွင်းယူခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ပွဲစဉ်အား မြန်မာပရိသတ် အများအပြား လာရောက် အားပေးခဲ့ကြပြီး ပထမပိုင်း ပွဲချိန်ပြီးခါနီးတွင် ပရိသတ်အချို့ကွင်းအတွင်း ဝင်ရောက်ရန် ကြိုးပမ်းမှုများ ရှိခဲ့သည့်အတွက် လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကွင်းအ တွင်း လုံခြုံရေး ယူထားရသည့် အခြေအနေလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here