ဂျပန် – မြန်မာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဂျပန်အသင်းက မြန်မာအသင်းအား (၅) ဂိုးပြတ်ဖြင့်အနိုင်ရ

0
89

ယနေ့ ဇွန်(၆)ရက် ညနေ (၆)နာရီ မိနစ် (၄၀)အချိန်က ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ဂျပန် – မြန်မာ လက်ရွေးစင်အသင်းတို့ ‌ကမ္ဘာ့ဖလား ခြေစစ်ပွဲ အပြီးတွင် ဂျပန်အသင်းက မြန်မာအသင်းအား (၅)ဂိုးသွင်းယူကာ အနိုင်ရရှိခဲ့သည်။

မြန်မာအသင်းအနေဖြင့် ပွဲစဉ် ပထမပိုင်းအချိန်တွင် အသင်းခေါင်းဆောင်မောင်မောင်လွင် ဦးဆောင်၍ လတ်ဝေဖြိုး၊
စိုးမိုးကျော် ၊ကျော်မင်းဦး၊ လွင်မိုးအောင် ၊ ဥက္ကာနိုင်၊ မောင်မောင်လွင် (အသင်းခေါင်းဆောင်)၊ နေမိုးအောင်၊ ဝေလင်းအောင်၊ ဇွဲထက်မင်း၊ ထက်နှင်းစိုး ကျော်ဇင်ဖြိုး(ဂိုး)တို့ပွဲထွက်ကစားခဲ့ကြပြီး ဒုတိယပိုင်းတွင် ဝင်းနိုင်ထွန်း၊ ငြိမ်းချမ်း၊ ဆွန်လမန် တို့ လူစားလဲ ဝင်ရောက်ကစားခဲ့ကြ‌သည်။

ယနေ့ ပွဲစဥ်အား မြန်မာပရိသတ် (၂၁၁၀၀) ကျော် လာရောက်အားပေးခဲ့ကြပြီး ပွဲပြီးချိန်တွင် ဂျပန်အသင်း၌ ပါဝင်ကစားခဲ့သည့် အာစင်နယ်အသင်း ကစားသမားအား စောင့်ကြိုနှုတ် ဆက်ခဲ့ကြသည်ကို တွေ့ရသည်။

ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမပိုင်းရလဒ် အနေဖြင့် ဂျပန်အသင်းဘက်မှ နာကာမူရ က ပွဲချိန်(၁၆) မိနစ်တွင် တစ်ဂိုး၊ ပွဲချိန် (၉၀) မိနစ်တွင် တစ်ဂိုး၊ ဒိုအန် က ပွဲချိန်(၃၃) မိနစ်တွင် (၁)ဂိုး၊ ကိုကီအိုဂါဝါ က ပွဲချိန် (၇၄) မိနစ်တွင် တစ်ဂိုး၊ ပွဲချိန် (၈၃) မိနစ်တွင် တစ်ဂိုးစီ သွင်းယူခဲ့ကြသည်။

အဆိုပါ ပွဲစဉ် ပထမပိုင်း ပွဲချိန်ပြီးခါနီးတွင် ပရိသတ်အချို့ ကွင်းအတွင်း ဝင်ရောက်ရန် ကြိုးပမ်းမှုများ ရှိခဲ့သည့်အတွက် လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကွင်းအတွင်း လုံခြုံရေး ယူခဲ့ရသည့် အခြေအနေလည်း ဖြစ်ပေါ်ခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here