ရှာဖွေလေ တွေ့ရှိလေ မူးယစ်ဆေး
နှင့်သာစည်မြို့နယ်တွင် ဖမ်းမိသည့်စိတ်ကြွရူးသွပ်ဆေးပြားများ

0
108

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် လူ (၂)ဦးမှ MITSUBISHI PAJERO မော်တော်ယာဉ်ဖြင့် သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၄၅၀၀ တန်ဖိုးရှိ စိတ်ကြွရူး သွပ်ဆေးပြားများ ဖမ်းဆီးရမိပြီး ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ (၂)ဦးကို ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ 

သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် ဇွန်လ (၂) ရက်၊ နေ့လယ် (၁၂)နာရီ (၁၅)မိနစ်အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရှာဖွေစဉ် ထက်မင်းလတ်(ခ)ကိုထက် မောင်းနှင်ပြီး မသီရိဝင်း(ခ)ဖြူတုတ် လိုက်ပါလာသည့် MITSUBI SHI PAJERO အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၄၅၀၀)နှင့် လက်ကိုင်ဖုန်း (၂) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ 

၎င်းတို့ကို ကွင်းဆက်ဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများ ဖြစ်သည့် ကောင်းမြတ်ဟိန်း(ခ)ညီဖုန်းအား ဇွန်လ (၃) ရက်၊ ညနေ (၄)နာရီ (၅၀)မိနစ်အချိန်က ပြည်မြို့၊ နဝဒေးရပ်ကွက်၊ မြို့ရှောင်လမ်းတွင် မော်တော်ဆိုင်ကယ် (၁)စီး၊ လက်ကိုင်ဖုန်း (၁) လုံးတို့နှင့် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့အပြင် ယင်းနေ့ ညနေ (၅)နာရီ၊ မိနစ် (၂၀)အချိန်တွင် ဦးကံသာ(ခ)ကျော်ကျော်နိုင် အား ပြည်မြို့၊ ဆင်စုရပ်ကွက်၊ စိန်တောင်ကြားလမ်းရှိ ဟိုတယ်တွင် လက်ကိုင်ဖုန်း (၂) လုံးနှင့် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိမှုများနှင့် ပတ်သက်၍ ထက်မင်းလတ် (ခ) ကိုထက်(၃၃)နှစ်၊ မသီရိဝင်း(ခ)ဖြူတုတ်(၂၆)နှစ်၊ ကောင်းမြတ်ဟိန်း(ခ)ညီဖုန်း(၂၈)နှစ်နှင့် ဦးကံသာ(ခ)ကျော်ကျော်နိုင်(၄၀)နှစ်တို့အား သာစည်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထု တ်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here