ကျပ်သန်း (၄၃၀၀ )နီးပါးတန်ဖိုးရှိ တရားမဝင်ကုန်စည်များဖမ်းမိ

0
129

တရားမဝင်ကုန်သွယ်မှုသည် အကျင့်ပျက်ခြစားမှုကိုမွေးမြူပေသည်နှင့်တူခြင်း၊ပြည်သူ့ဘဏ္ဍာငွေဆုံးရှုံးခြင်း၊အစိုးရ ဝန်ဆောင်မှုများတွင် ရင်းနှီးမြုပ်နှံနိုင်သည့် အခွန်ကောက်ခံရရှိသော ဝင်ငွေနည်းလာ၍ စီးပွားရေး ပြန်လည်ဦးမော့လာမှုကို ထိခိုက်စေခြင်း၊တရားဝင်လုပ်နေကြသူများအတွက်လည်း မမျှတသည့် ပြိုင်ဆိုင်မှုများကို ဖြစ်ပေါ်စေပါသည်။

မေလအတွင်း ကျပ်သန်း ၄၃၀၀ နီးပါးတန်ဖိုးရှိ တရားမဝင် ကုန်စည်များဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီထံမှ သိရသည်။

ထိုကဲ့သို့ ဖမ်းဆီးရမိမှုများထဲတွင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ အပါအဝင် ကုန်ပစ္စည်း (၆၆) မျိုးနှင့် တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များလည်း ပါဝင်သည်ဟု ကော်မတီက ဆိုသည်။

၂၀၂၄ ခုနှစ် မေလ အတွင်း တရားမဝင် ကုန်စည် ဖမ်းဆီးရမိမှု (၇၁) ကြိမ် ရှိခဲ့ကာ ဖမ်းဆီးရမိမှု အမှုတွဲ (၁၀၇) မှု ဖွင့်လှစ်ထားကြောင်းလည်း ကော်မတီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် တရားမဝင်ကုန်စည်ဖမ်းဆီးရမိမှုများထဲမှ သတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများကိုလည်း ဖမ်းဆီးရမိမှုရဲ့ ၂၀ ရာခိုင်နှုန်းဖြစ်သည့် ကျပ် ၈၅၆ ဒသမ ၁၀၉ သန်းကို သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့် ပေးသွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here