အမေရိကန်က ယူကရိန်းသို့ ဒေါ်လာ ၂၂၅ သန်းတန် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးများ ပေးပို့မည်

0
497

အမေရိကန်အစိုးရသည် ဒေါ်လာ ၂၂၅ သန်းခန့်တန်ဖိုးရှိ နောက်ထပ် စစ်ရေးအကူအညီ ပက်ကေ့ခ်ျအသစ်ကို ယူကရိန်းအစိုးရသို့ ပေးပို့ဖွယ်ရှိကြောင်း အေပီသတင်းအေဂျင်စီက ဖော်ပြထားသည်။

အဆိုပါ ပက်ကေ့ခ်ျအသစ်တွင် High Mobility Artillery Rocket System (HIMARS) အတွက် ခဲယမ်းများ၊ HAWK လေကြောင်းရန် ကာကွယ်ရေးစနစ်အတွက် ဒုံးကျည်များ၊ Stinger လေယာဉ်ပစ်ဒုံးများ၊ Javelin နှင့် AT-4 ချပ်ဝတ်တန်ဆာစနစ်များ၊ ၁၅၅မမ ဟော်ဝစ်ဇာအမြောက်တပ်ဆင်ထားသော၊ သံချပ်ကာယာဉ်များ၊ ယာဉ် နောက်တွဲများ၊ ကင်းလှည့်လှေများ၊ ဖြိုဖျက်သည့်ပစ္စည်းများနှင့် အခြားသော အပိုပစ္စည်းနှင့် စက်ကိရိယာများပါဝင်နိုင်ကြောင်း သိရသည်။

ယူကရိန်း၊ အစ္စရေးနှင့် ထိုင်ဝမ်တို့အား လက်နက်များ ပြန်လည်ကူညီရန်အတွက် အမေရိကန်ကွန်ဂရက်လွှတ်တော်မှ အတည်ပြုထားသော ဥပဒေကြမ်းတစ်ရပ်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဧပြီလနှောင်းပိုင်းတွင် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ ပက်ကေ့ချ်သည် ဒေါ်လာ ၉၅ ဘီလီယံ တန်ကြေးရှိပြီး ယူကရိန်းတစ်နိုင်ငံတည်း အတွက် ဒေါ်လာ ၆၁ ဘီလီယံ ပါဝင်သည်။

အဆိုပါ ဥပဒေကြမ်းများကို သမ္မတက လက်မှတ်ရေးထိုးပြီးနောက် ချက်ခြင်းပင် ပင်တဂွန်က ယူကရိန်းမှ ဒေါ်လာတစ်ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ ပေးပို့မည်ဟု ကြေညာခဲ့သည်။

အမေရိကန်နှင့် အနောက်နိုင်ငံများက ယူကရိန်းသို့ လက်နက်များ ထပ်မံပေးပို့ခြင်းသည် ရှေ့တန်းမှ တိုက်ပွဲ အခြေအနေကို ပြောင်းလဲစေမည်မဟုတ်ပဲ ပဋိပက္ခကို ရှည်လျားအောင် ဆွဲထုတ်ရုံမျှသာဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ထပ်လောင်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here