အပစ်အခတ်ရပ်စဲရေးနောက်ဆုံးအဆိုပြုချက် ဟားမတ်စ် မတုန့်ပြန်

0
200

ကိုင်ရို၊ဇွန် ၇

ကာတာ၊အီဂျစ်နှင့်အမေရိကတို့က ဂါဇာအပစ်အခတ်ရပ်စဲရေးအတွက် အင်တိုက်အားတိုက်လုပ်ဆောင်နေသော်လည်း နောက်ဆုံးအဆိုပြုထားသည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ဟားမတ်စ်ကမတုန့်ပြန်သေးကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

အီဂျစ်လုံခြုံရေးသတင်းရင်းမြစ်နှစ်ခုကမူ အစ္စရေးနှင့်ဟားမတ်စ်တို့သည် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများကိုဆက်လက်ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှုရမည့်ပုံမပေါ်ကြောင်း အစောပိုင်းကပြောကြားခဲ့သေးသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်က အမေရိကန်သမ္မတက ချပြခဲ့သောအပစ်အခတ်ရပ်စဲရေးအစီအစဉ်၌ ဂါဇာတွင်အလုံးစုံအပစ်အခတ်ရပ်စဲရေးနှင့် အစ္စရေးတပ်များ ဆုတ်ခွာသွားရေးတို့ကို ဟားမတ်စ်အကြီးအကဲက ထပ်မံထည့်သွင်းတောင်းဆိုခဲ့ကြောင်းလည်းသိရသည်။

ပြီးခဲ့သည့်နှစ်နိုဝင်ဘာလ၌ သီတင်းပတ်တစ်ပတ်ကြာ အပစ်အခတ်ရပ်စဲပြီးကတည်းက အပစ်အခတ်ရပ်စဲရေးထပ်မံရရှိရန် ကြိုးပမ်းမှုအားလုံးမအောင်မြင်ခဲ့ဘဲ ဟားမတ်စ်က ပဋိပက္ခကို အပြီးတိုင်အဆုံးသတ်ရေးအတွက်တောင်းဆိုခဲ့ပြီး အစ္စရေးကမူ စစ်သွေးကြွအဖွဲ့ မရှုံးမချင်း ယာယီရပ်တန့်ထားရန်သာပြင်ဆင်ထားကြောင်းပြောကြားခဲ့သည်။

အစ္စရေး ဟားမတ်စ်အရေးသည် ပြီးခဲ့သည့်နှစ်အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဟားမတ်စ်ကစတင်တိုက်ခိုက်ရာမှ စစ်ပွဲစတင်ခဲ့ပြီး လူပေါင်း ၁,၂၀၀ ဝန်းကျင်‌ေ-သဆုံးကာ ဓ-ါးစာခံ ၂၅၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း အစ္စရေး၏စာရင်းဇယားများအရသိရသည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here