ဟောင်ကောင်ကမ္ဘာ့ဖလားခြေစစ်ပွဲ၌ နိုင်ငံတော်သီချင်းကိုစော်ကားမှုဖြင့် လူသုံးဦးကိုဖမ်းဆီး

0
274

ဟောင်ကောင်၊ဇွန် ၇

ဟောင်ကောင်အိမ်ကွင်း၌ကန်မည့် အီရန်နှင့်ဟောင်ကောင်တို့၏ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မစတင်မီ တရုတ်နိုင်ငံတော်သီချင်းလာနေစဉ် မတ်တပ်မရပ်ဘဲ ခုံမှာထိုင်နေသည့် လူ ၃ ဦးကို ဖမ်းဆီးခဲ့ကြောင်းရဲတပ်ဖွဲ့ဝင်များကပြောကြားခဲ့သည်။

ဟောင်ကောင်ဘောလုံးပရိသတ်များသည် ယင်းသို့သောပွဲစဉ်များ၌ နိုင်ငံရေးမကျေနပ်မှုများကြောင့် နိုင်ငံတော်သီချင်းလာနေစဉ် နှောင့်ယှက်မှုများပြုလုပ်လေ့ရှိသော်လည်း အဆိုပါအလေ့အထကို ၂၀၂၀  ပြည့်နှစ်မှစ၍ အစိုးရက တင်းတင်းကျပ်ကျပ်တားမြစ်ခဲ့သည်။

နိုင်ငံတော်သီချင်းကို လူသိရှင်ကြား ရည်ရွယ်ချက်ရှိရှိ စော်ကားသူ မည်သူမဆို ရာဇဝတ်မှုကျူးလွန်ခြင်းနှင့် အတူတူပင်ဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ယခုဖမ်းဆီးခံရသူသုံးဦးသည် အသက် ၁၈ နှစ်မှ ၃၁ နှစ်ကြားဖြစ်ကြပြီး ပြစ်မှုထင်ရှားပါက ၎င်းတို့သည် ထောင်ဒဏ်သုံးနှစ်နှင့် ဒဏ်ငွေအဖြစ် ဟောင်ကောင်ဒေါ်လာ ၅၀,၀၀၀(ကန်ဒေါ်လာ ၆,၄၀၀) ပေးဆောင်ရမည်ဖြစ်သည်ဟုလည်းသိရသည်။

Source : အေအက်ဖ်ပီ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here