FATF နှင့် APG တို့က မြန်မာနိုင်ငံ၏ တိုးတက်ဆောင်ရွက်မှုများအပေါ် အဆင့်သတ်မှတ်ချက် တိုးမြှင့်ပေး

0
218

မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများနှင့် လူအများအပြား‌ေ-သကျေစေသည့် လက်နက်ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းများအား တိုးတက်အကောင်အထည်ဖော် ဆောင်ရွက်မှုများအပေါ် အသိအမှတ်ပြုပြီး FATF နှင့် APG တို့က အဆင့်သတ်မှတ်ချက်များကို တိုးမြှင့်ပေးခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသည် အာရှပစိဖိတ်ဒေသငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (APG) အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် ၂၀၀၇/ ၂၀၀၈ ခုနှစ်တွင် APG ၏ အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန် အလှန် အကဲဖြတ်ရေးလုပ်ငန်းစဉ်အရ အကဲဖြတ်ခံရသည့်အချိန်တွင် ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်‌ရေးအဖွဲ့ (FATF) ၏ အကြံပြုချက် ၄၀+၉=၄၉ ချက်အနက် စံနှုန်းသတ်မှတ်ချက် ၄ ချက်သာ ကောင်းမွန်ခဲ့သဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ အများပြည်သူသို့ ထုတ်ပြန်ကြေညာချက် (Public Statement) တွင် ထည့်သွင်းခဲ့ခြင်းဖြစ်သ ည်။

FATF သည် ၂၀၂၂ ခုနှစ်တွင် အလေးထားစိစစ်မှုများ တိုးမြှင့်ဆောင်ရွက်ရန် တောင်းဆိုခြင်းခံရသည့် နိုင်ငံနှင့်ဒေသများစာရင်းသို့ မြန်မာနိုင်ငံအား ထည့်သွင်းသတ်မှတ်ခံရသည့် အကြောင်းအရင်းမှာ ၂၀၁၇/ ၂၀၁၈ ခုနှစ်တွင် APG မှ အကဲဖြတ်ခဲ့သည့် အဖွဲ့ဝင်နိုင်ငံအချင်းချင်းအပြန်အလှန် အကဲဖြတ်ရေးအစီရင်ခံစာ (၂၀၁၈ ခုနှစ်) ၌ FATF ၏ အကြံပြုချက် ၄၀ ချက်အနက် ၁၇ ချက်သာ စံနှုန်းသတ်မှတ်ချက် ကောင်းမွန်ခဲ့သည့်အတွက်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာစံနှုန်း သတ်မှတ်ချက်အရ အနည်းဆုံး အချက် ၂၀ စံနှုန်းသတ်မှတ်ချက်ကောင်းရန် လိုအပ်ပြီးမြန်မာနိုင်ငံအနေဖြင့် FATF ၏ အကြံပြုချက် ၄၀ အနက် စံနှုန်းသတ်မှတ်ချက်နိမ့်သည့် အကြံပြုချက်များအား စဉ်ဆက်မပြတ် တိုးတက်မှုများ ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်တွင် APG မှ ထုတ်ပြန်သည့် မြန်မာနိုင်ငံ၏ အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန်အကဲဖြတ်ရေးအစီရင်ခံစာ၊ စဉ်ဆက်မပြတ်တိုးမှု အစီရင်ခံစာ (၂၀၂၃) အရ စံနှုန်းသတ်မှတ်ချက် ၂၅ ချက် ကောင်းမွန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ဆက်လက်၍ပြီး ဗဟိုဘဏ်အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း စံနှုန်းသတ်မှတ်ချက် ၂ ချက်အား တိုးတက်ကောင်းမွန်ခြင်းအဆင့်သို့ သတ်မှတ်ရရှိနိုင်ရန် ရည်မှန်းချက်ထား ကြိုပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံသည် APG ကထုတ်ပြန်ထားသည့် အဖွဲ့ဝင်နိုင်ငံအချင်းချင်းအပြန်အလှန်အကဲဖြတ်ရေး အစီရင်ခံ စာပါ စံနှုန်းသတ်မှတ်ချက်နိမ့်သည့် အကြံပြုချက်များအ ပေါ် စံနှုန်းသတ်မှတ်ချက်အဆင့်တိုးမြှင့်ရရှိစေရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသ ည့်အပြင် FATF မှသတ်မှတ်ထားသည့် အလေးထားစိစစ်မှုများ တိုးမြှင့်ဆောင်ရွက်ရန် တောင်းဆိုခြင်းခံရသည့် နိုင်ငံနှင့်ဒေသများစာရင်းမှ ပယ်ဖျက်နိုင်ရေးအတွက်လည်း FA TF မှသတ်မှတ်ပေးထားသည့်အကောင်အထည်ဖော်ဆောင်ရွက်ရေးအစီအမံကိုလည်း သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကဏ္ဍတို့ပူးပေါင်း၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here