မော်လမြိုင် – ရန်ကုန် လေအိတ်အမြန်ရထားနှင့် ရိုးရိုးအမြန်လူစီးရထားများ တစ်ရက်ခြားအလှည့်ကျ ပြေးဆွဲပေးနေ

0
173

မော်လမြိုင်- ရန်ကုန် အမှတ်(၈၂)အစုန် လေအိတ်အမြန်ရထားနှင့် ရိုးရိုးအမြန် လူစီးရထားများကို တစ်ရက်ခြားအလှည့်ကျစနစ်ဖြင့် နေ့စဉ်ပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့မီးရထားဌာန၊ အမှတ်(၈)တိုင်း၊ မော်လမြိုင် ဘူတာကြီးမှ သိရသည်။

လက်ရှိတွင် အမှတ်(၈၂)အစုန် လေအိတ်အမြန်ရထားကို နံနက် (၈) နာရီခွဲတွင် မော်လမြိုင်ဘူတာကြီးမှ စတင်ထွက်ခွာလျက်ရှိပြီး အထက်တန်းနှင့် ရိုးရိုးတန်းရထားလက်မှတ်များကို ရက်ကြိုတင်စနစ်နှင့် ဝယ်ယူရမည်ဖြစ်ကာ နောက်ထပ်အပိုလက်မှတ်များကို အရေအတွက် လျှော့ချ၍ ရောင်းပေးလျက်ရှိကြောင်း သိရသည်။

ယခင်က အထက်တန်းရထားလက်မှတ်များကို ခရီးသွားမည့်သူ ကိုယ်တိုင် အပါအဝင် မှတ်ပုံတင်ပြ၍ လက်မှတ်အပိုသုံးစောင်ကို သုံးရက် ကြိုတင်ရောင်းချပေးခဲ့ပြီး ရိုးရိုးတန်းလက်မှတ်များကို ခရီးသွားမည့်သူ ကိုယ်တိုင်အပါအဝင် မှတ်ပုံတင်ပြ၍ နောက်ထပ်အပို ငါးစောင်အထိ ရောင်းချပေးခဲ့ရာမှ မေ (၂၇) ရက်မှစတင်ကာ ရထားလက်မှတ်များမှောင်ခို ဈေးကွက်များ မဖြစ်ပေါ်စေရန် နေ့စဉ်ကြီးကြပ်စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ (၈၂) အစုန် လေအိတ်အမြန်ရထား လက်မှတ်ခ ဈေးနှုန်းများ အနေဖြင့် အထက်တန်းလက်မှတ်ခကို ငွေကျပ် ၁၁,၀၀၀ ၊ ရိုးရိုးတန်းအတွက် ငွေကျပ် ၆,၀၀၀ သတ်မှတ်ထားပြီး ရိုးရိုးအမြန်လူစီးရထားလက်မှတ်ခကို အထက်တန်းအတွက် ငွေကျပ် ၁၀,၀၀၀ နှင့် ရိုးရိုးတန်းအတွက် ငွေကျပ် ၅,၀၀၀ နှုန်းတို့ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here