မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ပန်းရောင်ကတ်လုပ်ရမည့်အစီအစဉ် ထိုင်းအစိုးရ အတည်ပြု

0
380

မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စသည့် လေးနိုင်ငံက အထောက်ထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို ပန်းရောင်ကတ်(အလုပ်လုပ်ခွင့်) အသစ်လုပ်ပေးမည့် အစီအစဉ်ကို ထိုင်းအစိုးရက အတည်ပြုထားကြောင်း သိရသည်။

“ဒါက ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တရားမဝင် ဝင်လာကြရတဲ့ မြန်မာတွေ စောင့်နေတဲ့သတင်းပါ”ဟု မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ဥက္ကဌ ဦးမိုးကြိုး က ဘီဘီစီမြန်မာပိုင်းကိုလည်း ဖြေကြားထားသည်။

ထိုကဲသို့ ထိုင်းအစိုးရ အတည်ပြုလိုက်ခြင်းသည် ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာအလုပ်သမားများအတွက်မူ သတင်းကောင်းဖြစ်သည်ဟု ထိုင်းတွင်ရောက်ရှိနေသော မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

“သူငယ်ချင်းတွေထဲမှာ အဲဒါကိုစောင့်နေကြတာရှိတယ်။သူက ဗီဇာအရရော ဈေးလည်းသက်သာတယ်၊ တရားဝင်နေလို့သွားလို့လည်း ရသွားတာပေါ့” ဟု ၎င်းက ပေါ်ပြူလာနယူးစ်ကို ပြောသည်။

ယခုအစီအစဉ်တွင် ဘတ်စာရင်းအသစ် တင်သွင်းခွင့်ပြုရန် ၊ အလုပ်သမားများ လွယ်ကူချောမွေ့သည့် နည်းလမ်းသစ်နှင့် မှတ်ပုံတင်ခွင့် ရရှိရန်၊ ပွဲစားများ၏ လိ-မ်လ-ည်မှုတွေကနေ လွတ်မြောက်ဖို့ ထိုင်းအစိုးရက တာဝန်ယူပေးဖို့လည်း လိုအပ်နေကြောင်း Labour Rights Foundation ကလည်း ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here