ဒိန်းမတ် ဝန်ကြီးချုပ် ကိုပင်ဟေဂင်မြို့လယ်မှာ တိုက်ခိုက်ခံရ

0
234

ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen အား ကိုပင်ဟေဂင်မြို့လယ်မှာ အမျိုးသားတစ်ဦးက အရှိန်ပြင်းစွာ စောင့်တွန်းတိုက်ခိုက်သွားတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

ဒီဖြစ်ရပ်ကြောင့် Mette Frederiksen ဟာ တုန်လှုပ်ခဲ့ရကြောင်းနဲ့ ဖြစ်စဉ်အတွင်း သူမဟာ ရို-က်နှက်ခံခဲ့ရတယ်လို့ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပြောဆိုပါတယ်။ တိုက်ခိုက်ခဲ့တဲ့ အမျိုးသားကို ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

မျက်မြင်တွေ့ခဲ့သူနှစ်ဦးရဲ့ ပြောဆိုချက်အရ သူမဟာ ပခုံးကို ခပ်ပြင်းပြင်း ဆောင့်တွန်းခံလိုက်ရပြီး လဲကျလုမတတ်ဖြစ်ခဲ့တယ်လို့ ဒိန်းမတ်သတင်းဋ္ဌာနတစ်ခုဖြစ်တဲ့ BT က ဆိုပါတယ်။ ဝန်ကြီးချုပ်နဲ့ တိုက်ခိုက်သူအကြား ဘာစကားမျှ ပြောဆိုခဲ့ခြင်း မရှိဘူးလို့လည်း သိရပါတယ်။

ဝန်ကြီးချုပ်ရုံးကတော့ ဖြစ်စဉ်အသေးစိတ်ကို ပြောဆိုခဲ့ခြင်း မရှိသေးသလို တိုက်ခိုက်ခံရမှုကြောင့် ဝန်ကြီးချုပ် ဒဏ်ရာအနာတရဖြစ်ခဲ့သလားဆိုလာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဝန်ကြီးချုပ် Mette Frederiksen ဟာ ကိုပင်ဟေဂင်ရှိ ကူတာဗက်ရင်ပြင်မှာ အမျိုးသားတစ်ဦးရဲ့ ရို-က်နှက်မှုကို ခံခဲ့ရကြောင်းနဲ့ နောက်ပိုင်းမှာ ယင်းအမျိုးသားကို ဖမ်းဆီးရမိခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးကရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ကူလ်တာဗက်ရင်ပြင်ဟာ မြို့တော်ရဲ့ Old Town ရှိ လူသွားလူလာများတဲ့ နေရာတစ်ခုဖြစ်ကြောင်း သိရပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဒိန်းမတ်နိုင်ငံသားတွေ အီးယူရွေးကောက်ပွဲတွေအတွက် မဲပေးမှု မတိုင်မီ နှစ်ရက်အလိုမှာ ဖြစ်ခဲ့တာပါ။ မစ္စ Frederiksen ဟာ မကြာခင်သီတင်းပတ်တွေက ယင်းရွေးကောက်ပွဲအတွက် မဲဆွယ်မှုလုပ်ခဲ့ပါတယ်။ သို့ပေမယ့် ယခုဖြစ်ရပ်ဟာ မဲဆွယ်အခမ်းအနားနဲ့ ဆက်နွယ်ပတ်သက်ခြင်းတော့ မရှိဘူးလို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

Ref: Sky News


LEAVE A REPLY

Please enter your comment!
Please enter your name here