သန်လျင်တံတား အမှတ်(၃) ပေါ်မှ ယာဉ်များ ယနေ့စတင်ဖြတ်သန်းခွင့်ပြု

0
263

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ထားသည့် ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ် (၃) ကို ယနေ့ဇွန်လ (၈) ရက်၊ နံနက်ပိုင်းမှစတင်ကာ မော်တော်ယာဉ်များအား စတင်ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သိရသည်။

ထို့ပြင် တံတားစတင်ဖွင့်လှစ်သည့်နေ့တွင် ကားများကို တံတားဖြတ်သန်းခ ကောက်ခံခြင်းမရှိဘဲ အခမဲ့ ဖြတ်သန်းခွင့်ပြုထားကြောင်းလည်း သိရသည်။

အဆိုပါ ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ် (၃) ၏ တံတားအရှည်မှာ (၈၆၃၈) ပေဖြစ်ပြီး လေးလမ်းသွား သံမဏိကြိုးဆိုင်းတံတား အမျိုးအစားဖြစ်ပြီး တံတားအသုံးပြုခကို နိုင်ငံတကာစနစ်အတိုင်း QR Code အသုံးပြုပြီး Mobile Pay စနစ်ဖြင့် ကောက်ခံသွားမည်ဖြစ်သည်။

ယင်းတံတား၏ ယာဉ်တစ်စီးချင်းခံနိုင်ဝန်မှာ (၇၅) တန်ဖြစ်ပြီး တံတားတည်ဆောက်ရေး စီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် မြန် မာနိုင်ငံ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပူးပေါင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တံတားကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်မှစပြီး စီမံကိန်းစတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ယခု ၂၀၂၄ ခုနှစ် ဇွန်လ(၈)တွင် မော်တော်ယာဉ်များ စတင်ဖြတ် သန်းခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ – အင်တာနက်


LEAVE A REPLY

Please enter your comment!
Please enter your name here