ကမ်းရိုးတန်းဒေသဖြစ်သည့် မွန်ပြည်နယ်တွင် သဘာ‌ဝဘေးအတွက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လေ့ကျင့်ပြင်ဆင်

0
111

၂၀၂၄ ခုနှစ် မုန်တိုင်းဘေးအန္တရာယ်နှင့်ရေဘေး အန္တရာယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက် တရားလွှတ်တော်ဆိပ် (တရားလွှတ်တော်ရုံးအနီး)တွင်ယမန်နေ့ ဇွန်(၇) ရက်က ပြုလုပ် လေ့ကျင့်ခဲ့ကြသည်။

ရေဘေးကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်ရာ၌ ရေဘေးအတွက် နှိုးဆော်သတိပေးခြင်း၊ ရေဘေးကျရောက်နိုင်သည့် ဒေသများအတွင်း နေထိုင်သူများကိုရွှေ့ ပြောင်းခြင်း၊ ရေစီးနှင့်အတူ မျှောလာသူများကို ကယ်ဆယ်ခြင်း၊ ရေဘေးသင့်နေရာများတွင် လှည့်လည်စစ်ဆေးဆောင်ရွက်ခြင်းနှင့် ယာယီကယ်ဆယ်ရေးစခန်း၌ ဆေးဝါးကုသမှုနှင့် စားရေရိက္ခာဝေငှပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ရှေးဦးသူနာပြုစုခြင်းနှင့် ဆေးရုံ/ ဆေးခန်းများသို့ ပို့ဆောင်ပေးခြင်း စသည်များကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြခြင်း ဖြစ်သည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဘေးမဖြစ်ပွားမီ၊ ဘေးဖြစ်ပွားနေစဉ်၊ ဘေးဖြစ်ပွားပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများကို အနီးကပ်ကြီးကြပ်ကာ ထိရောက်စွာဆောင်ရွက်နိုင်ရန် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းကော်မတီ (၁ ၂)ခုဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု (Global Climate Change) ဖြစ်စဉ်များကြောင့် နိုင်ငံတကာတွင် သဘာဝဘေးအန္တရာယ်များ နှစ်စဉ်ပိုမိုဖြစ်ပွားလျက်ရှိရာ ကမ္ဘာအပူချိန်သည် (၁.၅) ဒီဂရီစင်တီဂရိတ် တိုးမြှင့်လာပြီး ကမ္ဘာတစ်ဝန်း၌ စုစုပေါင်းလူဦးရေ သန်း(၂၃၀)ခန့် နှစ်စဉ်သဘာဝဘေးအန္တရာယ်များရင်ဆိုင်ကြုံတွေ့ ခံစားနေရကာ ပျမ်းမျှလူဦးရေ (၈၅,၀၀၀) ခန့် အသက်ဆုံးရှုံးလျှက်ရှိကြာင်း IPCC (Intergovernme ntal Panel on Climate Change) ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here