အပေါ့စား ပိုက်ပါလေယာဉ်ငယ်တစ်စင်း မော်စကိုမြို့အပြင်ဘက် အဝေးပြေးလမ်းမကြီးပေါ်တွင် အရေးပေါ်ဆင်းသက်ခဲ့ရ

0
126

အပေါ့စား ပိုက်ပါ(Piper)လေယာဉ်ငယ်တစ်စင်းသည် မော်စကိုမြို့အပြင်ဘက် အဝေးပြေးလမ်းမကြီးတစ်ခုပေါ်တွင် အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း ရုရှားအရေးပေါ်အခြေအနေဝန်ကြီးဌာနက ပြောကြားခဲ့သည်။

မော်စကိုစံတော်ချိန် ညနေ ၆ နာရီခန့်တွင် Lytkarino အနီးရှိ Turayevskoye အဝေးပြေးလမ်းမကြီးပေါ်တွင် လေယာဉ်တစ်စီး အရေးပေါ် ဆင်းသက်ခဲ့ရသည့် သတင်းတစ်ရပ်ကို လက်ခံရရှိခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထိခိုက်‌ေ-သဆုံးမှုမရှိကြောင်းနှင့် မြေပြင်တွင်လည်း ထိခိုက်မှုမရှိကြောင်း သိရသည်။

လေယာဉ်သည် ကောင်းမွန်စွာပျံသန်းနေစဉ်အတောအတွင်း အင်ဂျင်ချို့ယွင်းသွားသဖြင့် ယခုကဲ့သို့ အရေးပေါ်ဆင်းသက်လိုက်ရခြင်းဖြစ်ကြောင်း ဥပဒေစိုးမိုးရေးအေဂျင်စီတစ်ခု၏ ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။

အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီတစ်ခု၏ ကိုယ်စားလှယ်တစ်ဦး၏ ပြောကြားချက်အရ လေယာဉ်ပေါ်တွင် လူ ၃ ဦး လိုက်ပါခဲ့ကြောင်း သိရသည်။

အဆိုပါ လေယာဉ်သည် Myachkovo လေယာဉ်ကွင်းမှ ပျံတက်လာခြင်းဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here