အနောက်အုပ်စုက ရုရှား၏ နိုင်ငံ့ဓနဥစ္စာများရယူရန်အတွက် စစ်ရေးအရ အနိုင်ယူလိုခြင်းဖြစ်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ်ပြောကြား

0
186

အနောက်နိုင်ငံများသည် ရုရှား၏ နိုင်ငံ့ဓနဥစ္စာများရယူရန်အတွက် ရုရှားနိုင်ငံအပေါ် စစ်ရေးအရအနိုင်ယူရန် ၁၉၉၀ ခုနှစ်များအတွင်းကကဲ့သို့ တစ်ကျော့ပြန်အားထုတ်နေကြခြင်းဖြစ်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က HirTV နှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

အနောက်နိုင်ငံများက ထိုသို့ပြုလုပ်ရန် အဘယ်ကြောင့် ဆုံးဖြတ်ထားသနည်းဟု မေးသောအခါ “စစ်ရေးလမ်းကြောင်းပေါ်ရောက်နေကြသော အနောက်တိုင်းခေါင်းဆောင်များသည် ရုရှားကို စစ်ရေးအရ အနိုင်ယူလိုကြသည်။ ၎င်းတို့၏ အကြံအစည်သည် ငွေကြေးရယူလိုခြင်းနှင့် သြဇာအာဏာရှိသောကြောင့်သာဖြစ်ကြောင်း ရှင်းလင်းလှသည်” ဟု သူက ပြောသည်။ ယူကရိန်းကို အသုံးချ၍ ရုရှားကို စစ်ရေးအရ အောင်ပွဲခံလိုခြင်းဖြစ်ကြောင်း ဆိုသည်။

“ရုရှားက ဥရောပသားတွေကို ခံနိုင်ရည်မရှိအောင် လုပ်နိုင်ခဲ့တဲ့ ၁၉၉၀ ခုနှစ်များရဲ့ ကာလကို ပြန်ကြည့်ပါ။ အနောက်နိုင်ငံတွေက အဲဒီကာလတုန်းလဲ ရုရှားကို အမြတ်ထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာ ရုရှားတွေက ပြဿနာတွေအားလုံးကို သူတို့လက်ထဲ အပ်ပြီး သူတို့အားလုံးကို ပြောင်းလဲခဲ့ပါတယ်”ဟု ဟန်ဂေရီဝန်ကြီးချုပ်ကဆိုသည်။

အနောက်တိုင်း ကာယကံရှင် အများအပြားသည် ဤအချိန်များကို လွမ်းဆွတ်နေကြကာ “ကြီးမားသော ပယ်ရီစထရွိုက်ကာခေါ်(perestroika)ပြုပြင်ပြောင်းလဲရေး” အကြောင်းကို ပြန်လည်အိပ်မက်မက်နေကြပြီး ယူကရိန်းပဋိပက္ခသည် ယင်းကိစ္စနှင့် ပတ်သက်၍ ၎င်းတို့အား အခွင့်အလမ်းများ ပေးစွမ်းနိုင်လိမ့်မည်ဟု မျှော်လင့်နေကြကြောင်းကိုလည်း သူက ရှင်းပြသည်။

“လက်နက်ရောင်းချသူများ၊ မြီရှင်များနှင့် စတော့အိတ်ချိန်းလောင်းကစားသမားများ” အသီးသီးသည် ယခုပဋိပက္ခတွင် အမြတ်ထွက်အောင် ကြိုးစားနေကြပြီဖြစ်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here