တိုက်ပွဲများ‌ကြောင့် (၃)လကြာ ပိတ်ထားရသည့် မြစ်ကြီးနား – ပူတာအို လမ်းပိုင်းပြန်လည်သွားလာခွင့်ပြု

0
192

တိုက်ပွဲများကြောင့် (၃)လကြာ ယာယီသွားလာခွင့်ပိတ်ထားခဲ့သည့် မြစ်ကြီးနား – ပူတာအို လမ်းပိုင်းအား ယမန်နေ့ ဇွန်လ (၈)ရက်မှစတင်ကာ ပြန်လည်သွားလာခွင့်ပြုခဲ့ကြောင်း မြစ်ကြီးနားမြို့ခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ ညနေပိုင်းတွင် ကန့်သတ်ကုန်များမှလွဲ၍ အခြားသောစားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ ပါဝင်သည့် ကုန်ကား (၁၀)စီးကျော် ပူတာအိုသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

” ရင်းနှီးတဲ့ကားသမားက ပြောသွားတာ။ သူတို့ ပူတာအိုလမ်းဖွင့်ပေးလို့ တက်ရမယ်တဲ့။ ကုန်ကား(၁၀)စီးကျော်မယ်တဲ့။ ဘယ်နှစ်စီးခွင့်ပြုလည်းတော့ မသိဘူး။” ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပူတာအိုသို့ ထွက်ခွာမည့် ကုန်တင်ယာဉ်များတွင် စက်သုံးဆီမှလွဲ၍ အခြားလူသုံးကုန်ပစ္စည်းများ သယ်ယူခွင့်ပြု‌ထားကြောင်း မြစ်ကြီးနား – ပူတာအို ကုန်တင်ယာဉ်မောင်းများနှင့် နီးစပ်သူ ဒေသခံတစ်ဦးကလည်း ပြောသည်။

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဆွမ်ဘရာဘွမ်မြို့နယ်အတွင်း တပ်မတော်နှင့် KIA လက်နက်ကိုင်အဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွားဖြစ်ပွားခဲ့ခြင်းကြောင့် မတ်လ (၉)ရက်မှစတင်၍ ယင်းလမ်းပိုင်းအား ဖြတ်သန်းခွင့် ပိတ်ထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here